အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စလင်းမြို့တွင် စစ်ဆေးရေးဂိတ် ဗုံးခွဲတိုက်ခိုက်ခံရပြီး ရဲတစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ

မကွေးတိုင်း စလင်းမြို့တွင် ယနေ့ (ဩဂုတ် ၁၇) နံနက် ၁၀ နာရီခန့်က စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ် ဗုံးခွဲတိုက်ခိုက်ခံရပြီး ရဲတစ်ဦးသေဆုံးကာ နှစ်ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံနှစ်ဦးက အတည်ပြုသည်။ 

“မင်းဘူး – စလင်းကားလမ်းမှာ။ လတ်တလောကတော့ ဘယ်သူ့လက်ချက်လဲဆိုတာ အသေအချာပြောလို့ မရသေးဘူး။ လက်ရှိအနေအထားက အဲဒီမှာ ဗုံးပေါက်ကွဲသွားတယ်။ ဂိတ်စောင့်နေတာ ၇ ဦးလောက်မှာ သုံးယောက်ထိသွားတယ်။ တစ်ယောက်က ပွဲချင်းပြီးသေသွားတယ်။ နှစ်ယောက်က အခြေအနေမကောင်းဘူး ဆေးကုသနေရတယ်” ဟု မကွေးဒေသခံက Myanmar Now ကို ပြောသည်။

စစ်ဆေးရေးဂိတ်အဆောက်အအုံ ပျက်စီးသည်အထိ ဗုံးပေါက်ကွဲမှု ပြင်းထန်​ခဲ့ပြီး ဒဏ်ရာရရဲနှစ်ဦးလည်း သေဆုံးနိုင်သည့် အခြေအနေရှိကြောင်း ၎င်းဒေသခံက ဆိုသည်။

 “ဒါတွေက ဒီဘက်ဒေသမှာ ပွင့်ဖြူ၊ စလင်း၊ မင်းဘူးတို့ဒေသမှာ မကြာမကြာ ပေါက်ကွဲနေတာရှိတယ်။ ဒီနေ့ ပုံစံကတော့ ပြင်းအား တော်တော်များတယ် အထိအခိုက်လည်းများတယ်။ သူတို့ ဂိတ်ချထားတဲ့ လုံခြုံရေးကင်းစခန်းလေးရယ် သဲအိတ်တွေကာထားတာရယ်က တော်တော်လေး ပျက်စီးသွားတယ်” ဟု ၎င်းက ဆက်ပြောသည်။

အာဏာသိမ်းစစ်ကောင်စီကို ခုခံတော်လှန်ရန် မကွေးတိုင်းအတွင်းရှိ စလင်းအပါအဝင် မြို့နယ်အများစု၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ စုဖွဲ့ပြင်ဆင်လျက်ရှိပြီး လတ်တလောတွင် စစ်ကောင်စီယန္တရားကို တိုက်ခိုက်နေသည့် မြို့နယ်များ ပိုမိုများပြားလာသည်ဟုလည်း စလင်းမြို့ခံတစ်ဦးက ဆိုသည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်​ကြောင်း ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့သည့် ပြည်သူလူထုများကို စစ်ကောင်စီက အကြမ်းဖက်နှိမ်နင်းသတ်ဖြတ်ခဲ့ခြင်းများကြောင့် မကွေးအပါအဝင် တိုင်းဒေသကြီးများနှင့် ပြည်နယ်များ၌ စစ်ကောင်စီတပ်ကို ရရာလက်နက်စွဲကိုင်တော်လှန်ခုခံမှုများ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ထို့ပြင် စစ်ကောင်စီဘက်တော်သား အုပ်ချုပ်ရေးမှူးများ၊ သတင်းပေးဒလန်များ၊ ပြည်သူလူထုအား ဖိနှိပ်နေသည့် စစ်​ကောင်စီရုံးများ၊ စစ်ဆေးရေးဂိတ်များ၊ စစ်ကောင်စီတပ်၏ စစ်ကြောင်းများကို ​ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက နည်းမျိုးစုံဖြင့် တိုက်ခိုက်လျက်ရှိသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button