အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

စောချစ်သူရဲ့ လက်ဦးဆရာ ကျားဖြန့်ခေါင်းဆောင်ကို တရုတ်ပြန်ပို့

ကရင်ပြည်နယ်၊ မြဝတီမြို့အနီး ရွှေကုက္ကိုလ်မြို့သစ်က အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့  ပတ်သက်ပြီး တရုတ်အစိုးရက တောင်းဆိုထားတဲ့  ရှီကျင်ကျန်းကို ထိုင်းရဲတပ်ဖွဲ့က ဘန်ကောက်မြို့ သုဝဏ္ဏဘူမိ လေဆိပ်ကတစ်ဆင့် တရုတ်နိုင်ငံကို နိုဝင်ဘာ ၁၂ ရက်နေ့ ညနေမှာ လွှဲပြောင်းပေးလိုက်ပါတယ်။ 

တရုတ်နိုင်ငံသားဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံသားအဖြစ်လည်း ခံယူထားတဲ့ ရှီကျင်ကျန်းဟာ မြန်မာ-ထိုင်းနယ်စပ်က နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေရှိတဲ့ ရွှေကုက္ကိုလ် “Yatai New City” စီမံကိန်းကို အဓိက ရင်းနှီးမြှုပ်နှံ တည်ထောင်ခဲ့သူ ဖြစ်ပါတယ်။ 

 ဒေါ်လာ ၁၅ ဘီလီယံတန်ဖိုးရှိတဲ့  စီမံကိန်းကိုတော့ စောချစ်သူ ဦးဆောင်တဲ့  ကရင်နယ်ခြားစောင့်တပ် (BGF) ရဲ့ စီးပွားရေးလုပ်ငန်းခွဲဖြစ်တဲ့ Chit Lin Myaing ကုမ္ပဏီနဲ့ ရှီကျင်ကျန်းရဲ့ Yatai International Holdings Group (Yatai IHG) တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာပါ။

ရှီကျင်ကျန်း(She Zhijiang) ဟာ Yatai International Holding Group (Yatai IHG) ရဲ့ ဥက္ကဋ္ဌဖြစ်ပြီး အရှေ့တောင်အာရှဒေသက ကာစီနိုလုပ်ငန်းတွေနဲ့ အွန်လိုင်းစီးပွားရေး လုပ်ငန်းတွေမှာ အဓိက ရင်းနှီးမြှုပ်နှံသူဖြစ်ပါတယ်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဒီလို နီးကပ်တဲ့ စီးပွားရေးပူးပေါင်းမှုကြောင့် ရှီကျင်ကျန်းကို စောချစ်သူရဲ့ “လက်ဦးဆရာ” ဒါမှ မဟုတ် အဓိကမိတ်ဖက်အဖြစ် လူသိများပါတယ်။ ရှီကျင်ကျန်း ထိုင်းနိုင်ငံမှာ အဖမ်းခံရစဉ်က ဗိုလ်မှူးကြီး စောချစ်သူနဲ့  BGF ခေါင်းဆောင်တွေဟာ ရွှေကုက္ကိုလ်မှာ သူ့အတွက်  ဆုတောင်းပွဲတစ်ရပ်ကို ခမ်းနားစွာ ကျင်းပခဲ့မှုက သူတို့ရဲ့  နီးကပ်တဲ့  ဆက်ဆံရေးကို မီးမောင်းထိုးပြခဲ့ပါတယ်။

ကိုလှိုင်း/ Myanmar Now

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button