အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

ဝါဆိုလပြည့်ညမှာ စစ်တပ်ဗုံးကြဲလို့ ကလေးငယ်တွေအပါအဝင် ၉ဦး သေဆုံး

ဗုဒ္ဗဘာသာဝင်တွေအတွက် နေ့ထူးနေ့မြတ်အဖြစ် သတ်မှတ်ထားတဲ့ ဝါဆိုလပြည့်နေ့ညမှာ မန္တ‌လေး၊ မကွေးနဲ့ ကရင်နီပြည်နယ်ထဲက နေရာသုံးခုကို စစ်ကောင်စီလေတပ်က ဗုံးကြဲခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် အနည်းဆုံး လူ ၉ဦး သေဆုံးပြီး၊ ဒဏ်ရာရသူတွေလည်း လူတစ်ဒါဇင်ကျော် ရှိခဲ့ပါတယ်။ 

မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ ကရင်နီပြည်နယ် မော်ချီးဒေသနဲ့ မကွေးတိုင်း၊ မြိုင်မြို့နယ်တို့မှာ စစ်ကောင်စီလေတပ်က တစ်ရက်ထဲ ၃နေရာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ 

ဝါဆိုလပြည့်နေ့ကို ဗုဗ္ဓဘာသာဝင်တွေက နေ့ထူးနေ့မြတ်အဖြစ် သတ်မှတ်ထားကြပြီး ဝါဆိုလပြည့်နေ့ကစလို့ ဝါတွင်းသုံးလပတ်လုံး ဥပုလ်နေ့တိုင်းမှာ ဥပုလ်သီလဆောက်တည်တာ၊ သက်သတ်လွတ်စားတာ၊ ဘုရားစေတီပုထိုးတွေသွားတာ စသဖြင့် ကောင်းမှုကုသိုလ်တွေလုပ်လေ့ ရှိကြပါတယ်။ 

ဒီလို အထွတ်အမြတ်ထားတဲ့ နေ့ကြီးရက်ကြီးတွေလည်းမရှောင် စစ်ကောင်စီတပ်က ဆက်လက်ဗုံးကြဲသတ်ဖြတ်နေတာ ဖြစ်ပါတယ်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ကိုလှိုင်း/ Myanmar Now

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button