အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကလေးမြို့ တာဟန်းသပိတ်စခန်း ဖြိုခွဲခံရမှု ငါးဦး ကျဆုံး 

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တာဟန်းသပိတ်စခန်းကို စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များက ယမန်နေ့ (မတ် ၂၈) ရက်နေ့တွင် အင်အားသုံးပစ်ခတ်ဖြိုခွဲခဲ့၍ အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူတစ်ဦးအပါအဝင် ငါးဦး ကျဆုံးခဲ့သည်။

ပစ်ခတ်ဖြိုခွဲမှုကြောင့် Women for Justice (WJ) အဖွဲ့ခေါင်းဆောင် အသက် ၃၇ နှစ်အရွယ် ဒေါ်အားခူ၊ အသက် ၃၀ နှစ်အရွယ် ကိုမင်းညို၊ အသက် ၂၅ နှစ်အရွယ် ကိုအားချစ်၊ အသက် ၂၇ နှစ် အရွယ် ကိုထန်ဟောမ်လျန်န်၊ အသက် ၂၀ နှစ်အရွယ် ကိုဆန်းသဲရာတို့ ကျဆုံးခဲ့သည်။

တာဟန်းသပိတ်စခန်းကို စစ်ကောင်စီ၏ လက်နက်ကိုင်များက မွန်းလွဲ ၂ နာရီဝန်းကျင်ကတည်းက ညပိုင်းအထိ အသံဗုံးများ၊ လက်ပစ်ဗုံးများ၊ စက်သေနတ်များ အသုံးပြုဖြိုခွဲခဲ့ပြီး အရပ်သားပြည်သူ ၂၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ၆ ဦးမှာ ဒဏ်ရာပြင်းထန်သည်ဟု ဆန္ဒပြပွဲတွင် ပါဝင်နေသူတစ်ဦးက ပြောသည်။ 

ဗိုလ်ချုပ်လမ်းမပေါ်ရှိ တာဟန်းသပိတ်စခန်းအတွင်းမှ ဆန္ဒပြပြည်သူများကလည်း လေသေနတ်များ၊ အမဲလိုက်ရာတွင် အသုံးပြုသည့် တူမီးသေနတ်များဖြင့် ပြန်လည်ခုခံသည့်အတွက် လက်နက်ကိုင်တပ်များလည်း ထိခိုက်ကျဆုံးမှုများရှိသည်ဟု ဒေသခံများက ပြောသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

လက်နက်ကိုင်များ၏ သေဆုံး၊ ထိခိုက်ဒဏ်ရာရသူ အရေအတွက်နှင့် ပတ်သက်ပြီး Myanmar Now က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ယမန်နေ့က အပြင်းအထန်ပစ်ခတ်ဖြိုခွဲခံရသည့် တာဟန်းသပိတ်ခံတပ်ကို ဆန္ဒပြပြည်သူများက ယနေ့ နံနက်ပိုင်းတွင် ပြန်လည်တည်ဆောက်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆက်လက်ဆန္ဒပြလျက်ရှိသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button