အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပြင်သစ်ကုမ္ပဏီက ဒေါ်လာ ၁ ဘီလျံကျော်တန် ရွှေလီရေအားလျှပ်စစ်စီမံကိန်းကို ရပ်ဆိုင်း 

အာဏာသိမ်းစစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် အမေရိကန်ဒေါ်လာ ၁ ဘီလျံခွဲ တန် ရွှေလီ (၁) ရေအားလျှပ်စစ်စီမံကိန်းကို ရပ်ဆိုင်းလိုက်ကြောင်း ပြင်သစ်အစိုးရပိုင်ကုမ္ပဏီ Électricité de France(EDF) က ထုတ်ပြန်ခဲ့သည်။

အာဏာသိမ်းစစ်​ခေါင်း​ဆောင် ဗိုလ်ချုပ်မှူးကြီးမင်း​အောင်လှိုင်က ရေအားလျှပ်စစ်စီမံကိန်းများ ဆက်လက်လုပ်ဆောင်ရန် တွန်းအားပေးနေချိန်တွင် ပြင်သစ်ကုမ္ပဏီက အကြီးစားရေအားလျှပ်စစ် စီမံကိန်းတစ်ခုဖြစ်သည့် ရွှေလီ (၁) စီမံကိန်းကို ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။

မဂ္ဂါဝပ် ၆၇၀ ကျော်ထုတ်လုပ်မည့် ထိုစီမံကိန်းသည်  ရှမ်းပြည်နယ်မြောက်ပိုင်းရွှေလီမြစ်ပေါ်တွင် တည်ရှိသည်။ ထိုစီမံကိန်းကို ဂျပန်မာရူဘီနီ၊ ပြည်တွင်းက ဧရာဟင်္သာကုမ္ပဏီတို့ဖြင့် EDF က ဆောင် ရွက်ခြင်းဖြစ်ပြီး ၂၀၂၅-၂၆ တွင် ပြီးစီးရန်မျှော်မှန်းထားသည့် အဆိုပါစီမံကိန်းမှ အိမ်ထောင်စု ၈ သန်းခွဲ ကို လျှပ်စစ်မီးဖြန့်ဖြူးနိုင်ရန် ရည်ရွယ်ထားသည်။

ပြင်သစ်အစိုးရရှယ်ယာအများဆုံး ပိုင်ဆိုင်ထားသည့် EDF သည် ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့အခြေစိုက် စွမ်းအင်ကုမ္ပဏီကြီးတစ်ခုဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သောအားဖြင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူအချို့က မြန်မာနိုင်ငံရှိ လုပ်ငန်းများ ရပ်ဆိုင်းလျက်ရှိသည့်နည်းတူ အကောင်အထည်ဖော်နေဆဲ စီမံကိန်းကြီးများလည်း အခက်အခဲတွေ့ လျက်ရှိသည်။

စစ်အာဏာသိမ်းပြီး နိုင်ငံကို အရေးပေါ်ကြေညာထားခြင်းကြောင့် ရန်ကုန်မြို့လယ်ရှိ ဒေါ်လာသန်း ၁၃၀ တန် ဟောင်ကောင်အခြေစိုက် Peninsula hotel စီမံကိန်းဆောင်ရွက်ရေး အခက်အခဲဖြစ်နေသည်ဟု Hongkong and Shanghai Hotels အုပ်စုက ထုတ်ပြန်သော နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြ ထားသည်။ 

ရိုးမကုမ္ပဏီအုပ်စုက ဆောင်ရွက်နေသည့် ထိုစီမံကိန်းသည် တည်ဆောက်ပြီးစီးပါက Hongkong and Shanghai Hotels က ဟိုတယ်လုပ်ငန်းကို စီမံခန့်ခွဲမည်ဖြစ်သည်။

“မကြာခင်ဖြစ်ပွားလာတဲ့ အကြမ်းဖက်မှုနှင့် ဖရိုဖရဲဖြစ်နေမှုတွေကို စိုးရိမ်စိတ်ကြီးစွာ စောင့်ကြည့်နေပါတယ်” ဟု ကုမ္ပဏီက မတ် ၁၇ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ရေးသားထားသည်။

အဆိုပါ စီမံကိန်းသည် ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းဈေးအနီး၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဆူးလေဘုရားလမ်းထောင့်တွင်တည်ရှိသည်။ လိုနီခေတ်လက်ရာဖြစ်သည့် မြန်မာ့မီးရထားရုံးချုပ် အဆောက်အအုံဟောင်းကို အဆင့်မြင့် Peninsula Yangon ဟိုတယ်အဖြစ် ပြောင်းလဲမည်ဖြစ်သည်။

Peninsula Yangon ဟိုတယ်စီမံကိန်းကို Hong Kong and Shanghai Hotels က ဟိုတယ်၏ ၇၀ ရာခိုင်နှုန်း၊ Yoma Strategic က ၂၄ ရာခိုင်နှုန်းနှင့် FMI က ၆ ရာခိုင်နှုန်း ပါဝင်ရင်းနှီးမြှုပ်နှံထားသည်။ 

 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button