အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရန်ကုန်၊ ရွှေပြည်သာတွင် ဆန္ဒပြသူတစ်ရာကျော်ဖမ်းဆီးခံရ

ရန်ကုန်မြို့၏ တိုးချဲ့ မြို့သစ်တစ်ခုဖြစ်သည့် ရွှေပြည်သာမြို့နယ်ရှိ သပိတ်စခန်းတစ်ခုကို စစ်ကောင်စီ၏ စစ်တပ်နှင့်ရဲ ပူးပေါင်းအဖွဲ့က ယနေ့ (မတ် ၇) မွန်းလွဲပိုင်းတွင် အကြမ်းဖက်ဖြိုခွင်းခဲ့ပြီး ရာနှင့်ချီသည့် ဆန္ဒပြသူများကို ဖမ်းဆီးသွားခဲ့ပြီး ဒဏ်ရာရရှိသူ ၇ ဦး ရှိခဲ့သည်ဟု ဆန္ဒပြပွဲတွင် ပါဝင်သူများကပြောသည်။

ထိုသပိတ်စခန်းမှာ ရွှေပြည်သာမြို့နယ်၏ အဓိကလမ်းဆုံဖြစ်သည့် ထန်းခြောက်ပင်လမ်းဆုံတွင် သပိတ်စခန်းဖွင့်ထားရာမှ စစ်ကောင်စီက ဖြိုခွင်းခဲ့ခြင်းကြောင့် အနီးဆုံးနေရာဖြစ်သည့် ရန်ကြီးအောင်မှတ်တိုင်သို့ ပြောင်းရွှေ့ပြီး ထိုင်သပိတ်ဖြင့် သပိတ်စခန်းဖွင့်လှစ်ပြီး ဆန္ဒပြ တောင်းဆိုနေချိန်တွင် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များက အကြမ်းဖက် ဖြိုခွင်းခဲ့ခြင်းဖြစ်သည်။

မွန်းလွဲ ၂ နာရီခန့်တွင် စစ်တပ်နှင့်ရဲ ပူးပေါင်းအဖွဲ့က ရောက်ရှိလာခဲ့ပြီး အသံဗုံး၊မျက်ရည်ယိုဗုံးများ အသုံးပြုကာ ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း ရပ်ကွက်၏ လမ်းသွယ်များထိ ရာဘာကျည်များဖြင့် ပစ်ခတ်ကာ ဆန္ဒပြသူများကို လက်ခံထားသည့် အိမ်ရှင်များကိုပါ ဖမ်းဆီးသွားခဲ့ကြောင်း မျက်မြင်တွေ့ရှိရသူများက ပြောသည်။

“အိမ်ထဲကို ဝင်ပြေးကြတာ အိမ်ထဲကို မျက်ရည်ယိုဗုံးနဲ့ ပစ်ခတ်ပြီး ဝင်ခေါ်သွားတယ်” ဟု မျက်မြင်တွေ့ရသူတစ်ဦးက Myanmar Now ကို ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ထို အကြမ်းဖက်ဖမ်းဆီးမှုတွင် ရွှေပြည်သာမြို့နယ် (၁၁) ရပ်ကွက်မှ လူငယ်များ အများဆုံးဖမ်းဆီးခံခဲ့ရပြီး (၉) ရပ်ကွက်နှင့် (၁၀) ရပ်ကွက်မှ လူငယ်များလည်း ပါဝင်ကြောင်း ဖမ်းဆီးခံရသည့် အရေအတွက် စာရင်းအတိအကျကို မသိရသေးသော်လည်း လူ ၁၀၀ ကျော် ဖမ်းဆီးခံရသည်ဟု ခန့်မှန်းရကြောင်း ရွှေပြည်သာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

ရွှေပြည်သာမြို့နယ်အခြေစိုက် လူမှုကူညီရေးအသင်းများမှ ကားများကို အသုံးပြုပြီး စစ်တပ်နှင့်ရဲ ပူးပေါင်းအဖွဲ့က ဒဏ်ရာရသူ ၇ ဦးကို တပ်မတော်စစ်ဆေးရုံသို့ ခေါ်ဆောင်သွားကြောင်း၎င်းက ပြောသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှ မတ် ၆ ရက်နေ့ထိ စစ်ကောင်စီ၏ ရဲနှင့်တပ် ပူးပေါင်းအဖွဲ့ဝင်များ၏ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် သေဆုံးခဲ့သူ အနည်းဆုံး ၅၀ ကျော်ရှိပြီဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း ( AAPP) က မတ် ၆ ရက်နေ့က ထုတ်ပြန်ထားသည်။

ထို့ပြင် စစ်ကောင်စီက ဖေဖော်ဝါရီလ ၁ ရက်နေ့မှ မတ် ၆ ရက်နေ့ထိ ဖမ်းဆီး၊တရားစွဲဆို ထောင်ချခံထားရသူ ၁၇၅၈ ဦးရှိပြီဟု AAPP က ထုတ်ပြန်ထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button