အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မြင်းခြံမြို့ရှိ စစ်တပ်ခြေလျင်တပ်ရင်း ဗုံးသီးချ တိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ မြင်းခြံမြို့ရှိ ခြေလျင်တပ်ရင်း (ခမရ) ၁၅ တပ်ဝင်းအတွင်းကို ဒရုန်းဖြင့် မေလ ၃၁ ရက် နံနက်ပိုင်းက ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိသည်ဟု မြင်းခြံခရိုင် PDF တပ်ရင်းများထံမှ သိရသည်။

အမှတ် (၁၅) ခြေလျင်တပ်ရင်းကို မြင်းခြံခရိုင် PDF တပ်ရင်းများနှင့် ဒရုန်းတပ်ရင်းများ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သည့် ခရိုင်တပ်ရင်း (၃) ပြန်ကြားရေးတာဝန်ခံ ကိုပေါ့ဘာက ဆိုသည်။

ခမရ (၁၅) တပ်ဝင်းအတွင်းရှိ တပ်ရင်းမှူးနေအိမ်အနီးသို့ ဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့ပြီး၊ လုံခြုံရေးယူနေသည့် စစ်သား ၁၀ ဦး သေဆုံးပြီး၊ ၈ ဦး ထိခိုက်ခဲ့သည်ဟု ၎င်းတို့၏ သတင်းရင်းမြစ်များကို ကိုးကားပြီး PDF က ဆိုသည်။

“အီနာဂါ ခြောက်လုံး ချနိုင်ခဲ့တယ်။ ကျွန်တော်တို့ရဲ့ မြေပြင်သတင်းတွေအရ၊ ၁၀ ယောက် သေတယ်၊ ၈ ယောက် ဒဏ်ရာပြင်းထန်တယ်” ဟု ကိုပေါ့ဘာက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုနှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်ပေ။ စစ်ကောင်စီကလည်း သတင်းထုတ်ပြန်ခြင်း မရှိပေ။

တိုက်ခိုက်မှုသည် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိနေသည့်အချိန်နှင့် တိုက်ဆိုင်လျက်ရှိသည်။ စစ်ခေါင်းဆောင်သည် မြင်းခြံမြို့နယ်ရှိ အမှတ် (၁) သံမဏိစက်ရုံသို့ မေလ ၃၁ ရက်က သွားရောက်ခဲ့သည်။ နိုင်ငံ့ဘဏ္ဍာငွေ အများအပြား ဆုံးရှုံးနေသည့်အတွက် ပြီးခဲ့သည့် အစိုးရလက်ထက်တွင် ရပ်ဆိုင်းခဲ့သည့် မြင်းခြံသံမဏိစက်ရုံစီမံကိန်းကို စစ်ခေါင်းဆောင်က ပြန်လည်လည်ပတ်ရန် ကြိုးစားခြင်းဖြစ်သည်။

ယင်းသို့ စမ်းသပ်လည်ပတ်သည့် ရက်ပိုင်းအတွင်းမှာပင် မိတ္ထီလာ၊ မန္တလေးတို့မှ စစ်သားအများအပြား မြင်းခြံသို့ ရောက်ရှိလာပြီး သံမဏိစက်ရုံ၏ ငါးမိုင်ပတ်လည်အတွင်းရှိ ကျေးရွာများကို လုံခြုံရေးတင်းကျပ်ခဲ့သည်။ ယနေ့ (ဇွန်လ ၂ ရက်) တွင် အဆိုပါ လုံခြုံရေးယူခဲ့ကြသည့် စစ်သားများ ပြန်လည်ထွက်ခွာသွားကြကြောင်း တော်လှန်ရေးတပ်ဖွဲ့များအဆိုအရ သိရသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် နေပြည်တော်ပြင်ပ ခရီးထွက်သည့်အခါ နယ်မြို့များရှိ တပ်မိသားစုများနှင့် တွေ့ဆုံလေ့ရှိပြီး တပ်တွင်းစည်းလုံးမှုရှိရန် ဆော်ဩလေ့ရှိသည်။ မြင်းခြံမြို့ခရီးစဉ်တွင်မူ တပ်မိသားစုများနှင့် တွေ့ဆုံခြင်း မရှိခဲ့ပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button