အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဗုံးခိုကျင်းပိ၍ ရန်ကုန်တွင်ဆေးကုနေသည့် ရခိုင်ကလေးငယ် ခါးဆစ်ရိုးပါလွဲနေ

ဗုံးခိုကျင်းပိမိပြီး အစာအိမ်က ဘယ်ဘက်ရင်အုံအတွင်းသို့ ကျွံဝင်သွားသဖြင့် ရန်ကုန်ဟဲလ်ပင်ကလေးဆေးရုံတွင် ခွဲစိတ်ကုသနေသည့် ရခိုင်ကလေးငယ်မှာ ခါးဆစ်ရိုးပါလွဲနေ၍ ဆက်လက်ကုသရမည်ဖြစ်ကြောင်း အဆိုပါကလေးကို ကူညီပေးနေသည့် ရန်ကုန်အခြေစိုက် ရခိုင်အရပ်ဘက်အဖွဲ့အစည်းများ ကွန်ရက်ဝင်များကပြောသည်။

“ဗိုက်က ခွဲပြီးသွားပြီ အခြေအနေကောင်းတယ်။ ဒါပေမဲ့ ခါးကနာနေတော့ ဓာတ်မှန်ရိုက်လိုက်တော့ ခါးဆစ်ရိုးလွဲနေတယ်” ဟု ရခိုင်အရပ်ဘက်အဖွဲ့အစည်းများကွန်ရက် ဒုတိယအတွင်းရေးမှူး ဦးသန်းကြည်က ပြောသည်။

ခါးဆစ်ရိုးခွဲစိတ်သင့်မသင့်ကို အရိုးအကြောခွဲစိတ် ဆရာဝန်ကြီးများက စစ်ဆေးဆုံးဖြတ်မည်ဖြစ်ပြီး လက်ရှိတွင် မစုမြတ်မိုးအမည်ရှိ ထိုကလေးငယ်ကို ရန်ကုန်ကလေးဆေးရုံကြီး တိုးချဲ့ဆောင် (၁) ရှိ ခွဲစိတ်ဆောင် (၂) တွင် ထားရှိကုသနေသည်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှ အသက် ၁၁ နှစ်အရွယ် ပဉ္စမတန်းတန်းကျောင်းသူ မစုမြတ်မိုးသည် ဖေဖော်ဝါရီ ၉ ရက်က ၎င်းနေထိုင်ရာ ဂုပ္ပီတောင့်ကျေးရွာအနီးတစ်လျှောက် လက်နက်ကြီးပစ်သံများကြားရသဖြင့် နေအိမ်ဝင်းအတွင်းရှိ ဗုံးခိုကျင်းတွင် ဝင်ပုန်းနေစဉ် ကျင်းပေါ်သို့ လက်နက်ကြီးကျရာ မြေစာပိမိပြီး ပြင်းထန်ဒဏ်များရရှိခဲ့ခြင်းဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မြေစာပိမိသဖြင့် မစုမြတ်မိုးမှာ အစာအိမ်က ဘယ်ဘက်ရင်အုံအတွင်းသို့ ကျွံဝင်သွားသည့်အပြင် ဝမ်းဗိုက်နှင့် ရင်ခေါင်းတို့ကို ခြားထားသော ကြွက်သားလွှာများလည်း ပေါက်ပြဲသွားကြောင်း၊ စစ်တွေဆေးရုံတွင် တက်ရောက်ကုသနေရာမှ အရေးပေါ်ခွဲစိတ်ကုသရန် ဖေဖော်ဝါရီ ၂၁ တွင် ရန်ကုန်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း မစုမြတ်မိုး၏မိခင် ဒေါ်မိုးဆန်းဦးကဆိုသည်။

ပဉ္စမတန်း၊ ဆဋ္ဌမတန်း၊ သတ္တမတန်းများ စာမေးပွဲများကို ဗုဒ္ဓဟူးနေ့မှ စတင်ကျင်းပနေပြီး မစုမြတ်မိုးသည် အဆိုပါဒဏ်ရာများကြောင့် သွားရောက်မဖြေဆိုနိုင်သည့်အတွက် သက်ဆိုင်ရာကျောင်းအုပ်ကို အကြောင်းကြားထားပြီး လာမည့်ပညာသင်နှစ်တွင် မည်သည့်အတန်းတက်ရမည်ကို မသိရှိရသေးဟု ၎င်းကဆိုသည်။

မစုမြတ်မိုးထက် နှစ်ရက်စော၍ ရန်ကုန်သို့ရောက်ရှိခဲ့သည့် ဘူးသီးတောင်မြို့နယ်မှ စာသင်ကျောင်းအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် ဒဏ်ရာရခဲ့သော မူလတန်းကျောင်းသူမှာလည်း လက်ရှိတွင် မြောက်ဥက္ကလာဆေးရုံ၌ မေးရိုးအစားထိုးကုသနေသည်ဟု ဦးသန်းကြည်ကဆိုသည်။

အဆိုပါဒဏ်ရာများကြောင့် ရခိုင်ကျောင်းသူနှစ်ဦးစလုံးသည် ယခုနှစ်ကျင်းပသော အတန်းတင်စာမေးပွဲများကို ဝင်ရောက်ဖြေဆိုနိုင်ခြင်းမရှိပေ။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles