အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စက်သုံးဆီဂါလန် ၁၈၀,၀၀၀ ပျောက်ဆုံးမှု မန်းစည်ပင်ဝန်ထမ်းကိုတရားစွဲ

ကျပ်သိန်း ၇၈၀၀ ကျော် တန်ဖိုးရှိသည့် စက်သုံးဆီဂါလန် ၁၈၀,၀၀၀ ကျော်ကို စည်ပင်ဝန်ထမ်းတစ်ဦးက အလွဲသုံးစား လုပ်ထားကြောင်းနှင့် အဆိုပါဝန်ထမ်းအား တရားမကြောင်းအရ တရားစွဲဆိုလျက်ရှိကြောင်း မန္တလေးမြို့တော်ဝန် ဦးရဲလွင်က တိုင်းလွှတ်တော်ကို ဖေဖော်ဝါရီလ ၁၈ ရက်တွင် ပြောသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ စက်ရုံနှင့် မော်တော်ယာဉ်ဌာနတွင် ၂၀၁၆၂၀၁၇ ဘဏ္ဍာနှစ် ဒုတိယခြောက်လကာလအတွက် စာရင်းများကိုစစ်ဆေးရာ စက်သုံးဆီ ဂါလန် ထောင်နှင့်ချီ လျော့နည်းနေကြောင်း စာရင်းစစ်ချုပ်က တွေ့ရှိခဲ့ရသည်ဟု ဖော်ပြထားသည်။

ထို့ကြောင့် ဌာနတွင်းပြန်လည်စစ်ဆေးခဲ့ရာ စက်သုံးဆီဂိုဒေါင် တာဝန်ခံ ဦးကျော်စိုး (အငယ်တန်း အင်ဂျင်နီယာ) က ဒီဇယ်ဆီဂါလန်ပေါင်း ၁၅၄,ဝဝဝ ကျော်နှင့် ဓာတ်ဆီဂါလန် ၃ဝ,ဝဝဝ တို့ကို အလွဲသုံးစား ပြုလုပ်ထားကြောင်း ပေါ်ပေါက်ခဲ့သည်ဟုလည်း မြို့တော်ဝန်က ဆိုသည်။

ထို့ကြောင့် ၎င်းကို၂၀၁၈ ဇွန်လ ၁၁ ရက်နေ့က ချမ်းမြသာစည်ရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၄၀၉ ဖြင့် အမှုဖွင့်ခဲ့ပြီး ထိုသူမှာ ထွက်ပြေးတိမ်းရှောင်နေသဖြင့် ရာဇသတ်ကြီးပုဒ်မ ၄ဝ၉/ကျင့် ၅၁၂ အရ တရားခံပြေးအမှုဖြင့် တရားစွဲဆို၍ တရားခံမျက်ကွယ်တွင် စစ်ဆေးခဲ့ကြောင်း၊ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇/၈၈ အရဆောင်ရွက်ရန် တရားရုံးက အမိန့်ချမှတ်ခဲ့ကြောင်း ၎င်းက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မြို့တော်ဝန်ကယခု ပြဿနာဖြစ်ပွားတဲ့ စက်သုံးဆီကွာဟမှုတစ်ခုလုံးမှာ အဓိကတာဝန်ခံ ဦးကျော်စိုးရဲ့ အလွဲသုံးစားမှုတွေဖြစ်ပြီး တခြားသူများရဲ့ပေါ့ဆမှု၊ စွက်ဖက်မှုတွေ မပါဝင်ကြောင်းကို ဦးကျော်စိုးကိုယ်တိုင်က (ဌာနတွင်းစစ်ဆေးမှုလုပ်စဉ်) ဝန်ခံထွက်ဆိုခဲ့တာကို စစ်ဆေးတွေ့ခဲ့ရပါတယ်ဟု လွှတ်တော်တွင်းပြောဆိုခဲ့သည်။

အဆိုပါ စွပ်စွဲခံရသူအား ပြစ်မှုထင်ရှားစီရင်သည့် အမိန့် ချမှတ်ပြီးလျှင် နိုင်ငံတော်ဘဏ္ဍာငွေ ဆုံးရှုံးမှုမရှိစေရေး ၁၉၅၁ ခုနှစ်၊ ရာဇဝတ်ဥပဒေပြင်ဆင်ချက်အက်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဟု မြို့တော်ဝန်က ဆိုသည်။

အက်ဥပဒေအရ ဆက်လက်ဆောင်ရွက်နိုင်ခြင်းမရှိရင် ဌာနဆိုင်ရာစစ်ဆေးမှုအရ ချမှတ်ခဲ့သည့် ဝန်ထမ်းဆိုင်ရာပြစ်ဒဏ်အရ ဆက်လက်အရေးယူမည်ဖြစ်ပြီး ဆုံးရှုံးမှု ဒီဇယ်ဆီဂါလန် ၁၅၄,၈၂၈ နှင့် ဓာတ်ဆီ ဂါလန် ၃ဝ,ဝဝဝ တို့ကို ပေးလျော်ရန် ဦးကျော်စိုးအပေါ် တရားမကြောင်းအရ ဆက်လက်တရားစွဲဆိုသွားမည်ဟု ဦးရဲလွင်က ဆိုသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button