အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဓာတ်ပုံအက်ဆေးနိုင်ငံတကာသတင်းသတင်း

တရုတ်နိုင်ငံ ကိုရိုနာဗိုင်းရပ် ဖြစ်ပွားမှုပုံရိပ်များ

တရုတ်အလယ်ပိုင်း ဝူဟန်မြို့တွင် အစပြုခဲ့သော ကိုရိုနာဗိုင်းရပ်ကြောင့် တရုတ်နိုင်ငံတွင် (တနင်္လာနေ့မနက်အထိ) လူ ၈၀ သေဆုံးခဲ့ပြီးဖြစ်သလို တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် လူ ၂၇၀၀ ကျော် (အများစုမှာ တရုတ်နိုင်ငံ) ကူးစက်ခံခဲ့ရပြီးဖြစ်သည်။

ရောဂါ၏ အန္တရာယ်ပမာဏနှင့် လူတစ်ဦးမှတစ်ဦး မည်မျှလွယ်လွယ်ကူကူ ပြန့်နှံ့ကြောင်းသိရန် စောလွန်းသေးသဖြင့်လည်း ဗိုင်းရပ်အပေါ် ထိတ်လန့်တကြားဖြစ်ပွားလျက်ရှိသည်။

ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက တောရိုင်းတိရစ္ဆာန်သားများ တရားမဝင်ရောင်းချနေသည့် ဝူဟန်မြို့ရှိ ပင်လယ်စာဈေးတစ်ဈေးတွင် အစပြုခဲ့သည်ဟု ယူဆရသည့် ထိုဗိုင်းရပ်သည် ပေကျင်းနှင့် ရှန်ဟိုင်း စသည့် မြို့ကြီးများသို့လည်း ပြန့်နှံ့သွားခဲ့သည်။

ပေကျင်းမြို့ရှိ ရှေးဟောင်းနန်းတော်နှင့် မဟာတံတိုင်းကြီးအစိတ်အပိုင်းသို့ ခရီးသွားများကို ပိတ်ပင်ထားပြီးလျှင် တရုတ်နှစ်သစ်ကူးဘုရားကျောင်းပွဲတော် နှစ်ခုအပါအဝင် လူအများစုဝေးကြမည့် အခမ်းအနားနှစ်ခုကိုလည်း ဖျက်သိမ်းလိုက်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

သန်းနှင့်ချီသော တရုတ်လူမျိုးများ ပြည်တွင်းပြည်ပခရီးသွားကြသည့် နှစ်သစ်ကူးအားလပ်ရက်များသည် သောကြာနေ့မှ အစပြုခဲ့သော်လည်း ထိုရောဂါကြောင့် ဆိုးဆိုးရွားရွား ထိခိုက်ခဲ့ရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကမူ ထိုရောဂါသည် ကမ္ဘာ့ကျန်းမာရေး အရေးပေါ်အခြေအနေသို့ မရောက်သေးဟု ပြောသည်။

ဟောင်ကောင်တွင် ထိုရောဂါဖြစ်ပွားကြောင်း အတည်ပြုပြီးသူ ခြောက်ဦး၊ ထိုင်ဝမ်တွင် လေးဦးနှင့် ပြင်သစ်နှင့် အမေရိကန်တို့ကတော့ လူသုံးဦးစီတွင်ဖြစ်ပွားကြောင်း အတည်ပြုခဲ့ပြီးဖြစ်သည်။

ကိုရိုနာဗိုင်းရပ်ပိုးကူးစက်ခံထားရသည်ဟု သံသယရှိ လူနာတစ်ဦးကို ကျန်းမာရေးဝန်ထမ်းများက သယ်ဆောင်လာကြသည်ကို ဟောင်ကောင်ရှိ အဲလိဇဘက်ဘုရင်မဆေးရုံ၌ တွေ့ရစဉ် ([CNS Photo/Reuters]
ကိုရိုနိုဗိုင်းရပ်ကြောင့် တိုင်းပြည်တစ်ဝန်း ထိတ်လန့်နေစဉ် ပေကျင်းရှိ မြေအောက်ရထားတစ်စီးပေါ် နှာခေါင်းစည်းတပ်ကာ စီးနင်းနေသည့် အမျိုးသမီးတစ်ဦး [Carlos Garcia Rawlins/Reuters]
နှာခေါင်းစည်းများဝယ်ယူရန် ဆေးဆိုင်တစ်ဆိုင်အပြင်ဘက်တွင် တန်းစီနေသူများကို ရှန့်ဟိုင်မြို့တွင် တွေ့ရစဉ် [Aly Song/Reuters]
ပေကျင်းမြို့ရှိ မြေအောက်ရထားဘူတာရုံ ဝင်ပေါက်တစ်ပေါက်ရှိ ခရီးသွားတစ်ဦး၏ ကိုယ်အပူချိန်ကို တိုင်းတာနေသည့် ကာကွယ်ရေးဝတ်စုံဝတ် အလုပ်သမားတစ်ဦး [Mark Schiefelbein/AP Photo]
ပေကျင်းမြို့ ဒိထန်ပန်းခြံတွင် ကျင်းပမည့် ဘုရားကျောင်းပွဲတော်ကို ဖျက်သိမ်းပြီးနောက် အလှဆင်ပစ္စည်းများကို ပြန်ဖြုတ်သိမ်းနေသော အလုပ်သမားများ [Carlos Garcia Rawlins/Reuters]
တရုတ်နိုင်ငံအလယ်ပိုင်း ဟူးပေပြည်နယ် ဝူဟန်မြို့ရှိ ဈေးတစ်ခုတွင် ဟင်းသီးဟင်းရွက်ဝယ်ယူနေကြသူများ။ လူဦးရေ ၁၁ သန်းကျော်ရှိသည့် ထိုမြို့မှ ရောဂါမပြန့်ပွားစေရေးအတွက် မြို့ကိုအဝင်အထွက်ပိတ်ထားသည်။ [Xiao Yijiu/Xinhua/AP Photo]
မဟာတံတိုင်း ချူရုံကွမ်မြို့ရိုးအပိုင်း ဝင်ပေါက်ရှေ့ ဓာတ်ပုံရိုက်နေကြသူများ။ ခရီးသွားများ လာရောက်လည်ပတ်ကြသည့် ထိုတံတိုင်း၏အစိတ်အပိုင်းအချို့ကို လူမလာအောင် ပိတ်ထားလိုက်သည်ဟု လက်မှတ်ရောင်းချသည့်ဌာနရှိ ကြေညာစာတွင်ဆိုသည်။ [Carlos Garcia Rawlins/Reuters]
ပေကျင်းမြို့တော်အပြည်ပြည်ဆိုင်ရာ လေဆိပ် ဆိုက်ရောက်ဧရိယာတွင် ရပ်နားနေကြသည့် နှာခေါင်းစည်းတပ် ခရီးသွားများ [Mark Schiefelbein/AP Photo]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button