အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဆေးကုသမှုခံယူနေသည့် မန်းဝန်ကြီးချုပ်ကို သမ္မတဦးဝင်းမြင့် လာရောက်တွေ့ဆုံ

မန္တလေးမြို့ အထွေထွေရောဂါကုဆေးရုံကြီးတွင် တက်ရောက်ကုသနေသော မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ယနေ့(ဇန်နဝါရီလ ၃ရက်နေ့) လာရောက်တွေ့ဆုံခဲ့သည်။

သွေးကင်ဆာရောဂါကြောင့် ထိုင်းနိုင်ငံတွင် မကြာခဏ သွားရောက်ဆေးကုသမှုခံယူနေသော ဒေါက်တာဇော်မြင့်မောင်မှာ အဆုတ်အအေးပတ်သဖြင့် မန္တလေးမြို့ အထွေထွေရောဂါကုဆေးရုံကြီး နှလုံးဖျားနာကုသဆောင်တွင် ဇန်နဝါရီလ ၂ ရက်နေ့က စတင်တက်ရောက်ကုသနေခြင်းဖြစ်သည်။

ရိုးရိုး အဖျားဝင်တာပါ။ အဆုတ်အအေးပတ်တာမျိုးပါပဲ။ ဒီနေ့ အဖျားလည်း ကျပါတယ်ဟု ဒေါက်တာဇော်မြင့်မောင်အား ဆေးကုသမှုပေးနေသော ဆရာဝန်ကြီး ဒေါက်တာအောင်ဆန်းဦးက ပြောသည်။

အသက် ၆၈ နှစ်အရွယ်ရှိ ဒေါက်တာဇော်မြင့်မောင်မှာ ကင်ဆာဆေးသွင်းရန်အတွက် ယခုလ ၅ ရက်နေ့ တွင် ထိုင်းနိုင်ငံသို့ ပြန်သွားရမည်ဖြစ်ကြောင်း၊ ဆေးသွင်းပြီးပါက လေးငါးရက်ခန့် အနားယူရရန် လိုအပ်ကြောင်း ၎င်းကဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဒုဥက္ကဋ္ဌ(၂)ဖြစ်သူ ဒေါက်တာဇော်မြင့်မောင်သည် ပြီးခဲ့သည့် အောက်တိုဘာ ၂၄ ရက်က ရန်ကုန်တွင်ကျင်းပသည့် အစိုးရ၊ လွှတ်တော်၊ ပါတီ သတ္တမအကြိမ် စုံညီတွေ့ဆုံပွဲအပြီး ထိုင်းနိုင်ငံသို့ ဆေးကုသမှုခံယူရန် ထွက်ခွာသွားခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာလ နောက်ဆုံးအပတ်တွင် မြန်မာနိုင်ငံ ပြန်လည်ရောက်ရှိခဲ့သည်။

လက်ရှိတွင် မန္တလေးတိုင်းဒေသကြီး ခေတ္တဝန်ကြီးချုပ်အဖြစ် လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က တာဝန်ထမ်းဆောင်နေသည်။

ဒေါက်တာဇော်မြင့်မောင်သည် ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသော်လည်း အာဏာလွှဲအပ်ခံရခြင်း မရှိသည့်အပြင် နိုင်ငံရေးပါဝင်လှုပ်ရှားမှုများကြောင့် စစ်အစိုးက ၁၉၉၀ ပြည့်နှစ်မှ ၂၀၀၉ခုနှစ်ထိ ၁၉ နှစ်ကြာ ထောင်သွင်းအကျဉ်းချခဲ့သည်။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ကျောက်ပန်းတောင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင်လည်း မန္တလေးတိုင်းဒေသကြီး အမရပူရ မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရကာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် တာဝန်ပေးအပ်ခံရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button