အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဗစ်တိုးရီးယားနှင့်သက်ဆိုင်သည့် စာရွက်စာတမ်းတချို့ ရဲတပ်ဖွဲ့ Facebook ပေါ်တင်

လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားခံရသည်ဟု ဆရာဝန်များက အတည်ပြုထားခဲ့သည့် နေပြည်တော်မှ မူကြိုကလေးငယ် ဗစ်တိုးရီးယားသည် မည်သူမည်ဝါမှန်း ရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲတွင် လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့ပြီး နာရီပိုင်းအကြာတွင် ကလေးငယ်၏ မိသားစုနှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများကိုပါ Facebook မှတဆင့် ထပ်မံဖြန့်ဝေခဲ့သည်။

ရဲတပ်ဖွဲ့က ထိန်းချုပ်ထားသည့် “ရဲဇာနည်” Facebook စာမျက်နှာမှတဆင့် ဒီဇင်ဘာ ၁၉ ညနေ ၅ နာရီ ၂၈ မိနစ်တွင် “Wisdom Hill မူကြိုကျောင်းတွင် ဖြစ်ပွားခဲ့သော အမှုနှင့်ပတ်သက်သည့် အထောက်အထားများ” ခေါင်းစဉ်ဖြင့် ဓာတ်ပုံ ရှစ်ပုံ တင်ခဲ့ပြီး ယင်းထဲမှ စာမျက်နှာတချို့တွင် ကလေးနှင့် သူ၏မိဘများ၏ အမည်၊ နေရပ်နှင့် အလုပ်အကိုင်များပါ အသေးစိတ်ပါဝင်ခဲ့သည်။

အဆိုပါလုပ်ရပ်ကို ကန့်ကွက်ကြောင်း “ရဲဇာနည်” Facebook စာမျက်နှာအောက်တွင် လူမှုကွန်ရက်သုံးစွဲသူ အများအပြားကလည်း ဝေဖန်ခဲ့ကြသည်။

သည့်မတိုင်ခင် သတင်းစာရှင်းလင်းပွဲအတွင်း ဗစ်တိုးရီးယားသည် မည်သူမည်ဝါမှန်း ရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲတွင် လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့သဖြင့် ဝေဖန်ခံခဲ့ရသည်။ ကလေးငယ်အမည် ပါဝင်ခဲ့သောကြောင့် အဆိုပါတိုက်ရိုက်ထုတ်လွှင့်မှုကို DVB နှင့် Myanmar Now အပါအဝင် သတင်းဌာနအချို့က ပြန်လည်ဖြုတ်ချခဲ့သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နေပြည်တော်ရှိ Wisdom Hill မူကြိုကျောင်းတွင် တက်ရောက်နေသည့် သုံးနှစ်အရွယ် မိန်းကလေးငယ် မေ ၁၆ ရက်က မဖွယ်မရာ ပြုကျင့်ခံရပြီးနောက် အမှုသည် လူသိထင်ရှားဖြစ်လာခဲ့သော်လည်း နစ်နာသူကလေးငယ်၏ ဂုဏ်သိက္ခာအတွက် ကလေးငယ်၏အမည်နှင့် ဆက်စပ်အကြောင်းအရာများကို ရှေ့နေများနှင့် သတင်းဌာနများအပါအဝင် သိရှိသူများက လျှို့ဝှက်ပေးထားပြီး “ဗစ်တိုးရီးယား” ဟုသာ သုံးနှုန်းခဲ့ကြသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ယခုလုပ်ရပ်နှင့်ပတ်သက်ပြီး သတင်းနှင့်သုံးသပ်ချက် အပြည့်အစုံကို ဆက်လက်ဖော်ပြမည် ဖြစ်ပါသည်။

 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button