အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရန်ကုန်ရှိ မသန်စွမ်း အထူးပညာရေးကျောင်းများကို တိုင်းလွှတ်တော်က ကွင်းဆင်းစစ်ဆေးမည်

ပုဂ္ဂလိကကျောင်းတစ်ကျောင်းတွင် အော်တစ်ဇင်ကလေးငယ်တစ်ဦး ထိုးကြိတ်ရိုက်နှက်ခံရမှု လွန်ခဲ့သည့် နှစ်လက ဖြစ်ပွားခဲ့ပြီးနောက် မသန်စွမ်း အထူးပညာရေးကျောင်းများကို လာမည့်လဆန်းတွင် ကွင်းဆင်းစစ်ဆေးမည်ဟု ရန်ကုန်တိုင်းလွှတ်တော်မှ အဆင့်မြင့် အရာရှိတစ်ဦးက ပြောသည်။

ရန်ကုန်တိုင်းလွှတ်တော် လူမှုရေးနှင့်စီမံခန့်ခွဲရေးကော်မတီ၊ လူမှုရေးဝန်ကြီးနှင့် တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနတို့ ပါ၀င်သည့်အဖွဲ့က ဇန်နဝါရီလဆန်းတွင် အဆိုပါကျောင်းများသို့ သွားရောက်စစ်ဆေးရန် စီစဉ်နေကြောင်း ယင်းကော်မတီ အတွင်းရေးမှူး ဦးညီညီက ပြောသည်။

အော်တစ်ဇင်ကလေးများအတွက် ဖွင့်လှစ်ထားသည့် မြောက်ဒဂုံမြို့နယ်ရှိ မသန်စွမ်းအထူးသင်တန်းကျောင်း New World Therapeutic Training Center တွင် တက်ရောက်နေသည့် အသက် ၁၀ နှစ်အရွယ် အော်တစ်ဇင်ကလေးငယ်တစ်ဦးကို ကျောင်းဆရာနှစ်ဦးက ထိုးကြိတ်ရိုက်နှက်မှု အောက်တိုဘာလက ဖြစ်ပွားခဲ့သည်။

ကလေးငယ်က ထမင်းဘူးမှောက်လိုက်သည့်အတွက် ဆရာတစ်ဦးက ထောင့်တစ်နေရာသို့ ကလေးကို ခေါ်သွားပြီး ထိုးကြိတ်ခြင်းဖြစ်ကာ ယင်းကို လုံခြုံရေးကင်မရာ မှတ်တမ်းမှတစ်ဆင့် ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ကျူးလွန်သူဆရာနှစ်ဦးအား ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မ ၁၀၃(က)- ဖြင့် မြောက်ဒဂုံရဲစခန်းတွင် အောက်တိုဘာ ၃၀ ရက်နေ့ကတည်းက အမှုဖွင့်ထားကြောင်း ကလေးမိခင် ဒေါက်တာခန့်ခန့်ဝင်းရွှေက ပြောသည်။

ယင်းပုဒ်မ ၁၀၃(က)-၁ အရ မသန်စွမ်း ကလေးများကို အကြမ်းဖက်မှု၊ ခွဲခြားဆက်ဆံမှုများ လုပ်ဆောင်ကြောင်း ထင်ရှားပါက ထောင်ဒဏ်ငါးနှစ်ထိ အများဆုံးချမှတ်နိုင်သည်။

ယခုလို ကွင်းဆင်းစစ်ဆေးမည့်အပေါ် ဒေါ်ခန့်ခန့်ဝင်းရွှေက “မစစ်တာထက်စာရင် အခုလို ၀င်စစ်တာကတော့ ပိုကောင်းတာပေါ့” ဟု မှတ်ချက်ပြုသည်။

အရွယ်ရောက်ပြီး မသန်စွမ်းသူများအတွက် အသက်မွေး၀မ်းကျောင်းသင်တန်းများ ဖွင့်လှစ်ရေးနှင့် မသန်စွမ်းသူများ အထူးပညာရေးကျောင်းများတွင် ကျွမ်းကျင်သော ဆရာများထွက်ပေါ်လာစေရန် နိုင်ငံတကာနှင့်ချိတ်ဆက်ပြီး လေ့ကျင့်သင်တန်းပေးနိုင်ရေးအတွက်လည်း အစိုးရကို တိုက်တွန်းသွားမည်ဟု ရန်ကုန်တိုင်းလွှတ်တော် လူမှုရေးနှင့်စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ဦးသာအောင်က ပြောသည်။

“(မသန်စွမ်းအထူးပညာရေးကျောင်း)တွေက register (မှတ်ပုံတင်တာ) ပြည့်ပြည့်စုံစုံ မလုပ်ကြဘူး။ ဒါကြောင့် register လုပ်ဖို့ တိုက်တွန်းတယ်” ဟု ၎င်းက Myanmar Now ကို ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ဖွင့်လှစ်ထားသည့် မသန်စွမ်းအထူးပညာရေး ကျောင်းအရေအတွက် ၂၀ ကျော် ရှိသော်လည်း အရေအတွက် တိတိကျကျမသိဟု ရန်ကုန်တိုင်း လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ကေသီကျော်က ပြောသည်။

ဉာဏ်ရည်မသန်စွမ်း ကလေးငယ်အား ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သည့် New World Therapeutic Center အား “ရပ်နားရန်” ညွှန်ကြားထားသည်ဟု ဒေါ်ကေသီကျော်က ပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button