အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မြေပုံတွင် ဒေသခံ တစ်ထောင်ကျော် စစ်ဘေးရှောင်

ရခိုင်ပြည်နယ်မြောက်ပိုင်း မြေပုံမြို့နယ် စညှင်းရွာအနီးတွင် ယမန်နေ့က တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် စညှင်းရွာနှင့် အင်ကြင်းရွာသား ၁၀၀၀ ကျော်မှာ ကမ်းထောင်းကြီးမြို့ကို စစ်ဘေးရှောင်နေရသည်ဟု စညှင်းရွာအုပ်ချုပ်ရေးမှူးက ယနေ့ ပြောသည်။

ယမန်နေ့ မနက် ၉ နာရီခန့်က စညှင်းရွာနှင့် အင်ကြင်းရွာအနီးတွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားကြပြီးနောက် စညှင်းရွာသား ၁၀၀၀ ခန့်နှင့် အင်ကြင်းရွာမှ တိမ်းရှောင်လာသည့် ရွာသား ၆၀ ခန့်တို့မှာ စက်လှေများနှင့် ထွက်ပြေးတိမ်းရှောင်နေကြခြင်းဖြစ်ကြောင်း စညှင်းရွာအုပ်ချုပ်ရေးမှူး ဦးမောင်ရွှေသိန်းက Myanmar Now ကို ပြောသည်။

“ တိုက်ပွဲပြီးတော့ ရွာနားမှာလည်း သေနတ်ဖောက်သံတွေလည်း ကြားလာရတော့ ရွာသားတွေက မနေရဲတော့ဘူး ” ဟု ဦးမောင်ရွှေသိန်းက ပြောသည်။

အိမ်ခြေ ၂၈၀ ခန့်နှင့် လူဦးရေ ၂၀၀၀ ခန့်ရှိသည့် စညှင်းရွာမှာ ရန်ကုန်-စစ်တွေ ကားလမ်းမကြီးအနီးတွင် ရှိပြီး မြေပုံမြို့၏ အရှေ့ဘက် မိုင် ၂၀ ခန့်အကွာတွင် ရှိသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နိုဝင်ဘာ ၁၉ ရက်က အင်ကြင်းရွာနှင့် ဟင်းခရော်ရွာကြားတွင် တပ်မတော်စစ်ယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပြီးနောက် နှစ်ဖက်တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး အဆိုပါရွာများ၏ အရှေ့ဘက်တောင်တန်းများကို တပ်မတော်က ရဟတ်ယာဉ်နှစ်စီး သုံးစွဲကာ တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက မနေ့မနက်က စညှင်းရွာအနီးတွင် တိုက်ပွဲအနည်းငယ် ဖြစ်ပွားခဲ့သော်လည်း အသေးစိတ်အချက်အလက်များကို မသိရသေးကြောင်း ပြောသည်။

တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်၍ ရက္ခိုင့်တပ်တော် AA ပြောခွင့်ရ ခိုင်သုခကို Myanmar Now က ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍မရပေ။

စညှင်းရွာနှင့် အင်ကြင်းရွာမှ စစ်ရှောင်အများစုများ ကမ်းထောင်းကြီးမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေရပြီး အသေးစိတ်အခြေအနေများကို မရရှိသေးကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) မှ အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောသည်။

REC ၏ နောက်ဆုံးရ အချက်အလက်များအရ ရခိုင်မြောက်ပိုင်းရှိ စစ်ဘေးရှောင်စခန်းများရှိရာ ၇ မြို့နယ်တွင် စစ်ဘေးရှောင်သူ ၉၂၅၀၀ ခန့် ရှိနေပြီဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles