အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကုမ္ပဏီများက မစိုက်ဘဲထားသည့် ရန်ကုန်မှလယ်မြေများ ပြန်ပေးရန်တောင်းဆို

စစ်အစိုးရလက်ထက်တွင် ထိပ်တန်းကုမ္ပဏီများက သိမ်းယူခဲ့ပြီး အမှန်တကယ် မစိုက်ပျိုးဘဲထားရှိသည့် ရန်ကုန်မှ ဧကသောင်းနှင့်ချီသည့် လယ်ယာမြေများကို မူလတောင်သူများထံ ပြန်လည်ခွဲဝေပေးရန် ဒေသခံတောင်သူ ၁,၀၀၀ ခန့်က ရန်ကုန်တိုင်းဝန်ကြီးချုပ်ထံ ယနေ့ တောင်းဆိုလိုက်သည်။

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်သုံးမြို့နယ်မှ အဆိုပါ လယ်သမားများ၏အဆိုအရ ၎င်းတို့စိုက်ပျိုးနေသည့် လယ်မြေများကို ၂၀၀၈ တွင် စက်မှုလယ်ယာအဖြစ် ကုမ္ပဏီများနှင့် အကျိုးတူဆောင်ရွက်ရန်ဟု အကြောင်းပြ သိမ်းဆည်းခံခဲ့ရသည်ဟုဆိုသည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းထံ လိပ်မူထားသည့် လယ်သမားများ၏ တောင်းဆိုစာတွင် အေးရှားဝေါ၊ မက်(စ်)မြန်မာ၊ အမျိုးသားကြီးပွားတိုးတက်ရေး၊ ပင်လယ်ကိုးသွယ်၊ ရွှေနဂါးမင်း၊ ဧဒင်၊ ရွှေဟိန်းထက်၊ ဝန်းရံခ၊ ဒဂုံအင်တာနေရှင်နယ်၊ ဆင်းရွှေလီ(ယခု – ဇေယျာပရီမီယာ) ထူး(ယခု – သံလွင်ဧရာ)၊ ရွှေတောင်၊ ယုဇန၊ ဂွတ်(ဒ်)ဘရားသား၊ မြရွှေဝါ စသည့် ကုမ္ပဏီများသည် အဆိုပါမြေနေရာများတွင် လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ (၇) ရရှိထားကြောင်းလည်း ရေးသားထားသည်။

ကုမ္ပဏီများက အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်ခြင်းမရှိသည့်အတွက် မူလတောင်သူများထံ ပြန်လည်ခွဲဝေပေးရန် တောင်းဆိုရခြင်းဖြစ်ကြောင်း နစ်နာသူ လယ်သမား ၉၈၅ ဦးအနက် လယ်သမားခေါင်းဆောင် ဦးမြင့်အောင်က ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဦးမြင့်အောင်သည် ဒဂုံဆိပ်ကမ်းမြို့နယ်၊ ညောင်ပင်ရွာတွင် နေထိုင်သူဖြစ်ပြီး လယ် လေးဧကကျော် သိမ်းဆည်းခံရသည်ဟု ဆိုသည်။ ညောင်ပင်ရွာတွင် ဦးမြင့်အောင်ကဲ့သို့ လယ်သိမ်းဆည်းခံရသူ ၁၆၅ ဦးရှိကြောင်း ၎င်းက ဆိုသည်။

ထို့ကြောင့် ၂၀၁၈ ခုနစ် မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေအရ အဆိုပါ စိုက်ပျိုးခြင်းမရှိသည့် လယ်ယာမြေများကို ပြန်လည်သိမ်းယူ၍ ဒေသခံ ပြည်သူများထံ ခွဲဝေလုပ်ကိုင်ခွင့်ပြုရန် တောင်းဆိုရခြင်းဖြစ်ကြောင်း လယ်သမားများအရေး ဆောင်ရွက်နေသည့် ရှေ့နေ ဖိုးဖြူက ပြောသည်။

ထို့ပြင် အစိုးရက အဆိုပါမြေများတွင် စိုက်ပျိုးရေးစက်မှုဇုန် တည်ထောင်မည့် ကိစ္စနှင့် ရောင်းချမည့် ကိစ္စများကို လယ်သမားက ကန့်ကွက်မည်ဖြစ်ပြီး ရန်ကုန်တိုင်း၏လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု၊ ပြည်သူများ နစ်နာမျု မရှိစေရေး စိစစ်ရေးကော်မတီနှင့်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ငန်းအဖွဲ့ကက နစ်နာသူ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပေးရန် တောင်းဆိုသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button