အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

AAက တပ်မတော်သား ၁၃ ဦးကို ဖမ်းမိခဲ့သည်ဆိုသည့်သတင်း တပ်ဘက်ကငြင်း

အရာရှိ နှစ်ဦးအပါအဝင် တပ်မတော်သား (၁၃) ဦးအား ယမန်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ဖမ်းမိခဲ့သည်ဆိုသည့် ရက္ခိုင့်တပ်တော် AA ၏ ထုတ်ပြန်ချက်သည် လုပ်ကြံဖန်တီးမှုသာဖြစ်ကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောခွင့်ရအရာရှိက တုံ့ပြန်လိုက်သည်။

AA ၏ နိုဝင်ဘာ ၁၉ ရက် အင်တာနက်စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်ချက်တွင် ထိုနေ့ နေ့လယ် ၁နာရီခန့်တွင် နှစ်ဖက်တပ်ဖွဲ့သည် ပလက်ဝမြို့နယ်၊ ပကာဝရွာ၊ အနောက်တောင်ဘက်(၃ဒသမ၇)ကီလိုမီတာ (သို့မဟုတ်) ကာမချောင်း(ဒေသအခေါ်–ကာရမချောင်း) အနောက်ဘက်ရှိ တောင်တန်းပေါ်တွင် တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

AA အဆိုအရ ၎င်းတို့နှင့် တိုက်ခိုက်ခဲ့သူများမှာ မြန်မာ့တပ်မတော် တပ်မ(၇၇) လက်အောက်ခံ၊ မှော်ဘီအခြေစိုက်၊ ခမရ(၃၁၃)တပ်ရင်းမှ ဖြစ်သည်ဟု ဆိုသည်။

နာရီဝက်ခန့် ကြာမြင့်ခဲ့သည့် အဆိုပါတိုက်ပွဲတွင် တပ်မတော်ဘက်က ကိုးဦး ကျဆုံးခဲ့ပြီး လက်နက်ချ အညံ့ခံသော ဗိုလ်နှင့် အရာခံဗိုလ်အပါအဝင် သုံ့ပန်းစုစုပေါင်း (၁၃) ဦးကိုလည်း လက်ရဖမ်းဆီးရမိခဲ့သည်ဟုလည်း AA ထုတ်ပြန်ချက်က ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မြန်မာ့တပ်မတော် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောခွင့်ရအရာရှိ ဗိုလ်မှူးကြီးဝင်းဇော်ဦးကတော့ AA ၏ ထုတ်ပြန်ချက်သည် သတင်းအမှားဟု ဆိုသည်။

“ အဲဒါကြီးကတော့ အမှားကြီးပဲလို့ပဲ ပြောချင်တယ်၊ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ဖြစ်စဉ်တွေကို ပေါင်းပြီး လျှောက်လုပ်ထားတာဗျ ” ဟု တပ်မတော်အရာရှိက ဆိုသည်။

ယမန်နေ့က ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ မြေပုံမြို့နယ်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲတစ်ခုသာ ရှိကြောင်း ၎င်းက ပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles