အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဦးစိုးထွန်းရှိန်ကို ရှာဖွေရန် မြန်မာရဲများ ထိုင်းသို့ မနက်ဖြန်သွားမည်

မြန်မာနိုင်ငံရဲတပ်ဖွဲ့က တရားခံပြေးအဖြစ် ကြေညာထားသော အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန်အား ရှာဖွေရန် မြန်မာရဲတပ်ဖွဲ့ ထိပ်ပိုင်းအရာရှိများသည် စနေနေ့ (မနက်ဖြန်) တွင် ထိုင်းနိုင်ငံသို့ သွားမည်ဟု သမ္မတရုံး ပြောခွင့်ရအရာရှိက ယနေ့ ပြောကြားလိုက်သည်။

ဦးစိုးထွန်းရှိန်သည် မြန်မာထိုင်း နယ်စပ်တာချီလိတ်မှ ထိုင်းနိုင်ငံသို့ ကားလမ်းခရီးဖြင့် သွားရောက်ခဲ့သည်ဟု ကနဦးသတင်းအချက်အလက်များကို အခြေခံပြီး သမ္မတရုံး ပြောခွင့်ရအရာရှိ ဦးဇော်ဌေးက ဆိုသည်။

မြန်မာနှင့်ထိုင်း ရဲအရာရှိများသည် ဦးစိုးထွန်းရှိန်အား တွေ့ခဲ့သည်ဆိုသည့် ထိုင်းနိုင်ငံတွင်း နေရာများ၊ တည်းခိုခဲ့သည့် နေရာများနှင့် ဆက်နွှယ်သည့် အသိုင်းအဝိုင်းတို့အား စုံစမ်းဖော်ထုတ်မည်ဟု သမ္မတရုံးပြောခွင့်ရအရာရှိ ဦးဇော်ဌေးက နေပြည်တော်တွင် သတင်းထောက်များကို ပြောခဲ့သည်။

ဦးစိုးထွန်းရှိန်ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တွေ့မြင်ခဲ့ရကြောင်း မျက်မြင်သက်သေတစ်ဦးက Myanmar Now ကို အောက်တိုဘာ ၁၄ က ပြောကြားခဲ့သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဦးစိုးထွန်းရှိန်၏ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီသည် မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်ရှိ ဧက ၆၀၀၀ ကျော်ရှိသော မိုးထိမိုးမိရွှေလုပ်ကွက်ကြီးတွင် နိုင်ငံတော်နှင့် စာချုပ်ချုပ်ပြီး လုပ်ကိုင်ခဲ့ရာ နိုင်ငံတော်အား သတ်မှတ်ရွှေပိဿာများ မပေးဆောင်မှု၊ တရားမဝင် ဆက်လက် ရွှေတူးဖော်မှုတို့ကြောင့် အစိုးရက ၎င်းနှင့် ၎င်း၏ကုမ္ပဏီ တာဝန်ရှိသူအချို့အား ရာဇဝတ်ပုဒ်မများဖြင့် အမှုဖွင့်ထားသည်။

ထောင်ဒဏ် ၁၀ နှစ်အထိ အမြင့်ဆုံးပြစ်ဒဏ်ထိုက်သော သတ္တုတွင်းဥပဒေ ပုဒ်မ ၃၀ (က) အပြင် ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှု ပုဒ်မ ၆၁ တို့ဖြင့် အမှုဖွင့်ခံထားရသော ဦးစိုးထွန်းရှိန်သည် ထွက်ပြေးတိမ်းရှောင်လျက်ရှိပြီး ၎င်းကို တရားခံပြေးအဖြစ် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ယခုနှစ်ဆန်းပိုင်းတွင် ကြေညာခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button