အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပုဏ္ဏားကျွန်းတွင် ရဲယာဉ်တန်း မိုင်းဆွဲခံရ၊ ဒုရဲမှူးသေဆုံး

ရခိုင်ပြည်နယ်မြောက်ပိုင်း ပုဏ္ဏားကျွန်းမြို့နယ်တွင် ရဲတပ်ဖွဲ့ယာဉ်တန်း ယနေ့ နံနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီးနောက် ဒုရဲမှူးတစ်ဦး သေဆုံးသွားပြီး ရဲတပ်ဖွဲ့ဝင်များ ဒဏ်ရာရသွားခဲ့သည်။

ကျောက်တော်မြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အစပ် မြတ်လေးရွာနှင့် ဂဏန်းတောင်ရွာကြားတွင် ရဲတပ်ဖွဲ့ယာဉ်တန်း တိုက်ခိုက်ခံခဲ့ရကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကြည်လင်းက အတည်ပြုခဲ့ပြီး ကျဆုံးသွားသူမှာ ဒုရဲမှူးသောင်းလွင် ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

“ ကျွန်တော်တို့ဆီကမဟုတ်ဘူး။ ရဲတပ်ရင်းကဆိုတော့ အတိအကျတော့ မသိသေးဘူး၊ သွားပြီး ဝိုင်းကူပေးနေတာတော့ရှိတယ် ” ဟု ရဲမှူးကြီးကြည်လင်းက ပြောသည်။

မိုင်းဆွဲတိုက်ခိုက်ခံရသည့် ရဲတပ်ဖွဲ့ယာဉ်အရေအတွက်နှင့် ဒဏ်ရာရရှိသူအရေအတွက်ကိုလည်း မသိရသေးကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဒဏ်ရာရသည့် ရဲတပ်ဖွဲ့ဝင်များကို ပုဏ္ဏားကျွန်းဆေးရုံ ပို့ဆောင်ထားပြီး ဆေးကုသရာအဆောင်ကို ပြင်ပလူများနှင့် မီဒီယာများ မဝင်ရောက်နိုင်ရန် လုံခြုံရေးတင်းကျပ်ထားသည်ဟု ပုဏ္ဏားကျွန်းမြို့နယ် ပြည်နယ်အမတ် ဦးအောင်သန်းတင်က ပြောသည်။

ယင်းတိုက်ခိုက်မှုအတွက် မည်သည့်အဖွဲ့ကမှ ၎င်းတို့လက်ချက်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားခြင်း မရှိသေးပါ။ တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး အစိုးရ လုံခြုံရေးတပ်များနှင့် တိုက်ပွဲများ ဖြစ်ပွားနေသည့် ရက္ခိုင့်တပ်တော် AA ထံ Myanmar Now က ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

ဇန်နဝါရီ ၄ ရက်(လွတ်လပ်ရေးနေ့)က ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အတွင်းရှိ ကျောင်းတောင်၊ ဂုပ္ပိ၊ ခထီးလှ၊ ငမြင်းဘော်စသည့် နယ်ခြားစောင့်ရဲကင်းစခန်း ၄ ခု တိုက်ခိုက်ခံရမှုကြောင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၁၃ ဦး ကျဆုံးပြီး ၉ ဦး ဒဏ်ရာရခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles