အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပုဏ္ဏားကျွန်း စစ်ရှောင်စခန်းတစ်ခုကို ဝင်ရောက်စစ်ဆေးရန် တပ်ဘက်ကပြင်ဆင်နေ

ရခိုင်ပြည်နယ်မြောက်ပိုင်း ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တောပြင်ကျေးရွာဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်စခန်းကို ဝင်ရောက်စစ်ဆေးရန် တပ်မတော်စစ်ကြောင်းများ ယနေ့နံနက်ကတည်းက ရောက်နေကြောင်း အဆိုပါစခန်းတွင် ယာယီသီတင်းသုံးနေသည့် ဆရာတော်တစ်ပါးက မိန့်သည်။

ပုဏ္ဏားကျွန်းမြို့နယ် အနောက်မြောက်ဘက် ၁၅ မိုင်ခန့်အကွာရှိ အဆိုပါ စစ်ဘေးရှောင်စခန်းတွင် ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်များ ရှိမရှိကို စစ်ဆေးရန် အင်အား ၄၀ ခန့်ရှိသည့် တပ်မတော်စစ်ကြောင်းတစ်ခု နံနက် ၉ နာရီခန့်ကတည်းက ရောက်ရှိနေခဲ့ကြောင်း၊ နေ့လယ်ဘက်တွင် နောက်ထပ် အင်အားအများအပြား ထပ်မံရောက်ရှိလာကြောင်း စခန်းအတွင်းရှိနေသည့် ရခိုင်ရဟန်းတော်များအဖွဲ့မှ ဦးပညာဇောတက မိန့်သည်။

ကျောင်းအတွင်းသို့ ဝင်ရောက်စစ်ဆေးမည် ဆိုပါက စစ်ယူနီဖောင်းမဝတ်ရန် နှင့် လက်နက်များ မယူဆောင်ရန် ကျောင်းဝင်းအတွင်းရှိ ဘုန်းတော်ကြီးများက ကန့်သတ်နေသည့်အတွက် ညနေ ၄ နာရီခန့်အထိ တပ်ဘက်က ဝင်ရောက်ခွင့်မရသေးဘဲ ညှိနှိုင်းနေဆဲဖြစ်ကြောင်းလည်း ဦးပညာဇောတက မိန့်သည်။

အိမ်ခြေ ၄၀၀ ခန့်ရှိသည့် ပေါက်တောပြင်ရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်ထားသည့် စစ်ရှောင်စခန်းကို အနီးအနားရှိ ပိုးရွီပြင်၊ ခနောင်းကြီး၊ ဂန စသည့် ကျေးရွာများမှ စစ်ဘေးရှောင် ၈၀၀ ခန့်သည် ပြီးခဲ့သည့် သီတင်းပတ်ကတည်းက လာရောက်ခိုလှုံနေကြခြင်းဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

တပ်မတော် ပြေရေးဆိုခွင့်ရှိသူများကတော့ အဆိုပါ စစ်ဆင်ရေး စတင်နေခြင်းရှိမရှိကို သီးခြား အတည်ပြုခြင်းတော့မရှိပါ။

မြေပြင်တပ်ရင်းများက ပေါက်တောပြင်စစ်ဘေးရှောင်စခန်းကို ဝင်ရောက်စစ်ဆေးနေသည် ဆိုပါကလည်း

“AAအမာခံပဲ ဖြစ်ဖြစ် AA အဖွဲ့ဝင်တွေပဲဖြစ်ဖြစ် ရောက်နေတယ်လို့ သတင်းရလို႔ စစ်ဆေးဖို့တောင်းဆိုတာ ဖြစ်ပါလိမ့်မယ် ” ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

ပြီးခဲ့သည့် ဧပြီလ အစောပိုင်းက ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာသား ၂၇၀ ကို တပ်မတော်စစ်ကြောင်းများက ဝင်ရောက်စစ်ဆေးစဉ် ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီး တပ်မတော်မှ ပစ်ခတ်ဖြိုခွင်းခဲ့သောကြောင့် ရွာသား ၇ ဦးသေပြီး ၇ ဦးဒဏ်ရာရခဲ့သည်။ ဖမ်းဆီးခံရသူ ၂၇၀ ကျော်ထဲမှ ၆ ဦးခန့်သာ AA နှင့် ပတ်သက်ကြောင်း နောက်ပိုင်းတွင် တပ်ဘက်က ထုတ်ဖော်ပြောဆိုခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles