အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တပ်နှင့် AA ကြား တိုက်ပွဲကြောင့် ဒေသခံတစ်ဦး ထပ်မံသေဆုံး

တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်တပ် AA တို့အကြား ဖြစ်ပွားနေသော တိုက်ပွဲများအတွင်း လက်နက်ကြီးကျည် ကျရောက်သဖြင့် ယမန်နေ့က သေဆုံးတစ်ဦး ထပ်တိုးခဲ့ပြီး ဒဏ်ရာရသူ သုံးဦးရှိခဲ့သည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) ဥက္ကဋ္ဌ ဦးရွှေဘော်စိန်က Myanmar Now ကို ယနေ့နံနက်က ပြောသည်။

ရခိုင်မြောက်ပိုင်း၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဂဏန်းမဲကျေးရွာသို့ ယမန်နေ့ (ဇွန် ၅) ညနေပိုင်းတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၄၆ နှစ်အရွယ် ဦးစိန်ထွန်း သေဆုံးခဲ့ကာ အသက် ၄၈ နှစ် အရွယ်အမျိုးသမီးတစ်ဦး၊ အသက် ၂၇ နှစ်စီရှိသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့  ဒဏ်ရာရရှိခဲ့သည်။

ဒဏ်ရာရသူများအနက် အသက် ၄၈ နှစ်ရှိ ဒေါ်နွဲ့ရီဝင်းမှာ ဒဏ်ရာပြင်းထန်သဖြင့် ပုဏ္ဏားကျွန်းဆေးရုံမှ စစ်တွေဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။ ကျန်ဒဏ်ရာရသူနှစ်ဦးမှာ ပုဏ္ဏားကျွန်းဆေးရုံတွင် အတွင်းလူနာအဖြစ် ဆက်လက်ကုသမှုခံယူနေကြောင်း ၎င်းက ပြောသည်။

ယခုဖြစ်ရပ်အတွက် တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့ မည်သည့်ဘက်တွင် တာဝန်ရှိသည်ကို မသိရသေးပါ။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဘယ်ကပစ်တာလဲတော့ ကျွန်တော်တို့ တပ်အပ်မပြောနိုင်ဘူး။ လက်နက်ကြီးတွေက နှစ်ဖက်ဖြစ်တဲ့ တိုက်ပွဲကြားမှာ ရွာထဲကို ကျလာတော့ ရွာကလူတွေ ကိုယ့်အိမ်မှာကိုယ် နေတုန်း ဖြစ်သွားတာ ဟု ဦးရွှေဘော်စိန်က ဆက်ပြောသည်။

ပုဏ္ဏားကျွန်း ဖွံ့ဖြိုးရေး လူငယ်အဖွဲ့အစည်း (PDYO) အတွင်းရေးမှူး ကိုဝင်းချေခိုင် က ၎င်းတို့အနေဖြင့် သွားရောက်ကူညီလိုသော်လည်း အတားအဆီးများရှိကြောင်း၊ တစ်ရွာနှင့်တစ်ရွာ အလှမ်းဝေးနေပြီး တောတောင်ထူထပ်သောကြောင့် ရွာသားများအတွက် အခြားနေရာသို့ သွားလာရန် ခက်ခဲကြောင်း ပြောသည်။

အရပ်ဘက်ပြည်သူတွေ ထိခိုက်နစ်နာမှု မရှိအောင်၊ ပြည်သူများအနေဖြင့်လည်း ဘေးလွတ်ရာသို့ ပြောင်းရွှေ့နိုင်ရန် အရေးကြီးသည်ဟု ၎င်းက ဆက်ပြောသည်။

ပြည်သူတွေအပေါ်မှာ လက်နက်ကိုင်အဖွဲ့အစည်းကနေပြီးတော့ ပစ်မှတ်မထားဖို့၊ အရပ်ဘက်နဲ့ ဝေးတဲ့နေရာတွေမှာ တိုက်ကြဖို့ တောင်းဆိုလိုပါတယ်ဟု ကိုဝင်းချေခိုင် ပြောသည်။

ထိုနေ့နေ့လယ်ပိုင်းက မြောက်ဦးမြို့နယ် ဝေသာလီကျေးရွာကိုလည်း လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်ရာမှ အသက် ၆၆ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာရသဖြင့် မြောက်ဦးဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း ဒေသခံများကပြောသည်။

လတ်တလောတွင် မြန်မာ့တပ်မတော်နှင့် AA တို့ကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင်း အရပ်သားပြည်သူများ သေဆုံးသူ ရှစ်ဦး နှင့် ဒဏ်ရာရသူ ၁၃ ဦးခန့်အထိ ရှိပြီဖြစ်သည်။

ဆောင်းပါးဖတ်ရှုရန်

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button