အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရခိုင်ပြည်နယ် မင်းပြားတွင် တပ်နှင့် AA တို့တိုက်ပွဲဖြစ်၍ ရွာသား ၅ဦးသေဆုံး၊ ၆ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်မြောက်ပိုင်း မင်းပြားမြို့နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့အကြား နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲများအတွင်း မင်းပြားမြို့နယ် မြောက်ဘက်ရှိ စပါးထားကျေးရွာမှ ရွာသား ဦးထက်မနည်း သေဆုံးပြီး အနည်းဆုံး ဦး ဒဏ်ရာရရှိကြောင်း စပါးထားကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။

ဇွန်လ ၂ရက်နေ့ နေ့လယ် နာရီခန့်မှစ၍ မင်းပြားမြို့နယ် ရွှေတမာကျေးရွာနှင့် အောင်တိုင်ကျေးရွာကြားတွင် တပ်မတော်နှင့် AA အဖွဲ့တို့အကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ယနေ့မနက် အစောပိုင်းတွင်တော့ အနီးအနားရွာများဖြစ်သည့် စပါးထားကျေးရွာနှင့် ဘိတ်တောင်ကျေးရွာများ ဘက်တွင်ပါ တိုက်ပွဲများ ထပ်ဖြစ်လာခြင်းဖြစ်သည်။

ယင်းသို့ တိုက်ပွဲဖြစ်ပွားခြင်းနှင့် ပတ်သက်၍ Myanmar Now က တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့သို့ ဆက်သွယ်မေးမြန်းရာတွင် ဟုတ်မှန်ကြောင်း အတည်ပြုဖြေကြားသည်။

ယနေ့မနက် နာရီခွဲခန့်မှ စတင်ပြီး စပါးထားကျေးရွာ၏ တောင်ဘက် ဖာလုံခန့်အကွာတွင် တိုက်ပွဲဖြစ်ပွားနေခဲ့ခြင်းဖြစ်ပြီး စပါးထားရွာသားများမှာ ကျေးရွာအတွင်းရှိ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းများတွင် ပုန်းအောင်းနေကြစဉ် ဘုန်းတော်ကြီးကျောင်းအတွင်း လက်နက်ကြီးကျည် တစ်လုံးကျရောက် ပေါက်ကွဲ၍ ရွာသားများ သေဆုံးခြင်းဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမျိုးဇော်အောင်က ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ကြောက်လန့်ပြီး ပုန်းနေကြတဲ့အချိန် လက်နက်ကြီးကျပြီး သေသူကသေ ဒဏ်ရာရသူကရဆိုတော့ အားလုံးက ဆောက်တည်ရာမရဖြစ်သွားတယ်ဟု ဦးမျိုးဇော်အောင်က ပြောသည်။

သေဆုံးသူ ဦးမှာ ဦးမောင်ဖြူထွန်း(၅၂ နှစ်) ဦးမောင်မောင်သန်း(၄၈ နှစ်) ဦးလှမောင်(၅၅ နှစ်) နှင့် ဒေါ်လပြည့်ကြည် တို့ဖြစ်ပြီး ဒဏ်ရာပြင်းထန်သည့် အသက် (၁၄) နှစ်အရွယ် မဆန်းဆန်းဝင်းမှာ ဆေးရုံအရောက်ပြီး နာရီအနည်းငယ်အကြာတွင် သေဆုံးသွားသည်။ ဒဏ်ရာရသူများတွင် ကိုရင်တစ်ပါးလည်း ပါဝင်ကြောင်း၊ သေဆုံးသူများနှင့် ဒဏ်ရာရသူများကို မင်းပြားဆေးရုံသို့ ပို့ဆောင်ထားကြောင်း ဒေသခံများထံမှ သိရသည်။

စပါးထားရွာတွင် လူဦးရေ ၇၀၀ ကျော်ခန့်ရှိပြီး ရွာအတွင်းကျန်ရှိနေသည့် ရွာသားများမှာ ယနေ့ညနေ နာရီခန့်အထိ ရွာအနောက်ဘက်ရှိ လေးမြို့မြစ်တစ်ဖက်ကမ်းသို့ ကူးကာ ထွက်ပြေးနေကြဆဲဖြစ်သည်။

AA ပြောခွင့်ရသူ ခိုင်သုခက ယင်းလက်နက်ကြီးကျည်မှာ တပ်မတော်ဘက်က ပစ်တာဖြစ်ကြောင်း ပြောဆိုသည်။

တိုက်ပွဲအတွင်း လက်နက်ကြီးကို နှစ်ဖက်စလုံးက သုံးစွဲကြပြီး စပါးထားရွာအတွင်း ကျရောက်သည့် လက်နက်ကြီးကျည်မှာ မည်သည့်ဘက်မှ ပစ်ခတ်ခြင်းဖြစ်သည်ကို အတည်ပြုရခက်ခဲကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက Myanmar Now ကို ပြောသည်။

တိုက်ပွဲဖြစ်ပွားရာ အနီးအနားတွင်ရှိသည့် ရွှေတမာရွာမှ ရွာသားများလည်း ကျေးရွာအရှေ့ဘက်တွင် လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ပုန်းအောင်းနေကြကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်သိန်းက ပြောသည်။

ကျွန်တော်တို့တစ်ရွာလုံးက ဒီလိုတိုက်ပွဲဖြစ်တာကို ကြုံမှမကြုံဖူးတာ အားလုံးလန့်တာပေါ့ဟု ဦးကျော်သိန်းက ပြောသည်။

အိမ်ထောင်စု ၁၆၀ ကျော်ရှိသည့် ရွှေတမာကျေးရွာတွင် လူဦးရေ ၈၀၀ ကျော်ရှိပြီး ပစ်ခတ်သံများကိုလည်း ယနေ့မနက် နာရီမှ နေ့လယ်ပိုင်းအထိ ကြားနေရသည့်အတွက် ရွာထဲသို့ မပြန်ရဲသေးကြောင်း ၎င်းက ဆက်လက်ပြောသည်။

ဇွန်လ ၂ရက်နေ့ နေ့လယ် နာရီခန့်ကလည်း စစ်ဆင်ရေး ဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းများနှင့် AA အဖွဲ့တို့အကြား မင်းပြားမြို့နယ် ရွှေတမာကျေးရွာနှင့် အောင်တိုင်ကျေးရွာအကြားတွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားကြပြီး နှစ်ဖက်အကျအဆုံးများလည်းရှိသည်ဟု တပ်မတော်နှင့် AA အဖွဲ့တို့က ပြောသည်။

ရွှေတမာကျေးရွာသည် မင်းပြားမြို့နယ်နှင့် မြောက်ဦးမြို့နယ်အစပ်တွင်ရှိပြီး လေးမြို့မြစ်၏ အရှေ့ဘက်ကမ်းတွင်ရှိသည်။ ချောင်း၏ အနောက်ဘက်ကမ်းရှိ မြောက်ဦးမြို့နယ် မြောင်းဘွေရွာ အနီးတွင်လည်း တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

မြောင်းဘွေရွာမှ အသက် ၄၀ ခန့်ရှိသည့် ဒေါ်နှင်းဝင်းရီမှ နောက်ကျောကို ကျည်ဆန်ထိမှန်မှုကြောင့် မြောက်ဦးဆေးရုံသို့ တင်ပို့ခဲ့ရပြီး ဒဏ်ရာပြင်းထန်သောကြောင့် ယနေ့မနက်တွင် စစ်တွေဆေးရုံသို့ ထပ်မံလွှဲပြောင်းလိုက်ကြောင်း ၎င်းကို ကူညီပေးနေသည့် အဖွဲ့အစည်းများက ပြောသည်။

စစ်ဘေးရှောင်များကို အကူအညီပေးနေသည့် စစ်တွေအခြေစိုက် ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများအစည်းအရုံး(REC) မေလ ၂၇ ရက်နေ့ ထုတ်ပြန်ချက် အချက်အလက်များအရ မင်းပြားမြို့နယ်တွင် စစ်ဘေးရှောင် ၁၂၀၀ ကျော်ရှိနေပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းတစ်ခုလုံးတွင် စစ်ဘေးရှောင် အရေအတွက် ၄၀၀၀၀ ကျော် ရှိနေသည်ဟုသိရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button