အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ခုနစ်နှစ်အရွယ် ကျောင်းသူကို သတ်ဖြတ်မှု မသေမချင်းကြိုးကွင်းစွပ်သတ်ရန် အမိန့်ချ

လွန်ခဲ့သည့် နှစ်နှစ်က ဧရာဝတီတိုင်း မအူပင်မြို့နယ်အတွင်းရှိ ဘီလင်းကျေးရွာမှ အသက် ၇ နှစ်အရွယ် ဒုတိယတန်းကျောင်းသူကို နားကပ်လု သတ်ဖြတ်ခဲ့သူအား မသေမချင်း ကြိုးကွင်းစွပ် သတ်ဖြတ်ရန် မအူပင်ခရိုင် တရားရုံးက မေလ ၂၈ ရက်တွင် အမိန့်ချလိုက်သည်။

၂၀၁၇ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့က ဖြစ်ပွားခဲ့သည့် အဆိုပါအမှုကို ၁ နှစ်နှင့် ၁၁ လကြာ စစ်ဆေးခဲ့ပြီးနောက် အသက် ၃၈ နှစ်အရွယ် တရားခံ မျိုးဇော်အား အဆိုပါပြစ်ဒဏ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

တရားခံသည် ခုနစ်နှစ်ထိ ထောင်ဒဏ် ပြစ်ဒဏ်ချမှတ်ခံရနိုင်သော ပြစ်မှုကို ကျူးလွန်နေစဉ် လူသတ်မှုကို ကျူးလွန်ပါက သေဒဏ်ချမှတ်နိုင်သည်ဟု ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁) (ဂ) တွင် ပြဋ္ဌာန်းချက်အရ ယခုလို သေဒဏ်ချမှတ်ခံရခြင်း ဖြစ်သည်။

သတ်ခံခဲ့ရသည့် ကလေးငယ်သည် အခင်းဖြစ်ပွားသည့်နေ့ နံနက်ပိုင်းတွင် ဘီးလင်းကျေးရွာ မူလတန်းကျောင်းမှ မုန့်ထွက်စားစဉ် ပျောက်ဆုံးသွားခြင်းဖြစ်သည်။ ကလေးငယ်၏ အလောင်းကို ကျောင်းနှင့် ၂ ခြံကျော် လူမနေသည့် အိမ်အနီး ရှာဖွေတွေ့ရှိခဲ့ကြခြင်းဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ရုပ်အလောင်းတွင် ဒဏ်ရာများ တွေ့ခဲ့ရပြီး ဝတ်ဆင်ထားသည့် နားကပ် ပျောက်ဆုံးနေခြင်းနှင့် အလောင်းအနီးတွင် သောက်လက်စ အရက်ပုလင်းတစ်လုံး တွေ့ရှိပြီးနောက် လူသတ်မှု သံသယဖြင့် ရဲက စုံစမ်းခဲ့ခြင်းဖြစ်သည်။

ရဲမှတ်တမ်းများအရ တရားခံသည် ကလေးငယ်၏ နားကပ်ကို ၎င်း၏နေအိမ်အနီး မြှုပ်ထားခဲ့ပြီး ယင်းနေရာအနီး အရက်မူးလဲနေစဉ် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အခင်းအဖြစ်ပွားမီက တရားခံ မျိုးဇော်သည် မိန်းမဖြစ်သူနှင့် စကားများ ရန်ဖြစ်ပြီး အိမ်ပေါ်မှ နှင်ချခံထားရကာ ကလေးငယ်ကို တွေ့ရှိချိန်တွင် လည်ပင်းညှစ်နားကပ်ချွတ်ခဲ့ ကြောင်း ဝန်ခံခဲ့ရသည်ဟု အဆိုပါအမှုကို ကိုင်တွယ်သည့် ကျွဲဒုံးနယ်မြေရဲစခန်းမှ တာဝန်ကျအရာရှိက ပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button