အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မြောက်ဦးတွင် ဝေသာလီရွာသား ၂ ဦးကို တပ်မတော် ဖမ်းဆီးစစ်ဆေး

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ဝေသာလီ ကျေးရွာအနီးတွင် မေလ ၂၂ ရက်နေ့က တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဝေသာလီ ရွာသား ဦးကို တပ်မတော်က ဖမ်းဆီးခဲ့ကာ ဆက်လက်စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

မေ ၂၂ ရက်နေ့ မနက် ၁၀ နာရီခန့်က ဝေသာလီရွာ၏ မြောက်ဘက် ဖာလုံခန့်အကွာတွင် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ပြီး တပ်မတော်စစ်ကြောင်းကို AA အဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်ခြင်း ဖြစ်ကြောင်း တပ်ဘက်က ပြောသည်။

အဆိုပါတိုက်ပွဲဖြစ်ပွားရာ အနီးအနားတွင်ရှိနေသည့် ဒေသခံ ဦးကို ထိန်းသိမ်း၊ စစ်ဆေးနေကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက Myanmar Now ကို ပြောသည်။

သူတို့(ဖမ်းဆီးခံ ဦး)က တပ်မှာပဲ ရှိပါသေးတယ်။ ဘယ်ကိုမှ မလွှဲပေးရသေးဘူးဟု ၎င်းက ပြောသည်။

ဖမ်းဆီးခံရသူ ဦးမှာ ဝေသာလီရွာအနီးရှိ တောင်ကုန်းအနီးက စေတီတွင်ရှိနေပြီး တိုက်ပွဲဖြစ်ပွားမှုကြောင့် ဝေသာလီရွာသို့ ပြန်အလာတွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဝေသာလီရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကျော်ဝင်းက ပြောသည်။

အဆိုပါ ဝေသာလီရွာသား ဦးမှာ ကိုအောင်ကျော်နိုင်(၃၀)နှစ် နှင့် ကိုစိုးစိုးအောင် (၃၁)နှစ်တို့ ဖြစ်ကြပြီး ရပ်ရွာအတွင်း အေးအေးဆေးဆေး နေထိုင်သူများဖြစ်ကာ ကျန်းမာရေးညံ့သူများ ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

တစ်ယောက်ကဆို တစ်နေ့ကို ဆေးသုံးလေးကြိမ်လောက် သောက်နေရတာဟု ဦးမောင်ကျော်ဝင်းက ပြောသည်။

အဆိုပါနေ့တိုက်ပွဲတွင် တပ်မတော်ဘက်မှ အနည်းဆုံး ဦးခန့် ကျဆုံးကြောင်း AA တပ်ဖွဲ႔မှ ထုတ်ပြန်ထားသော်လည်း တပ်ဘက်ကတော့ အဆိုပါအချက်ကို ငြင်းဆိုထားသည်။

ကျွန်တော်တို့ဘက်က ဒဏ်ရာရတာ တစ်ယောက်ပဲရှိတယ် သေဆုံးတာမရှိဘူးဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

တိုက်ပွဲများနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်များကို အဓိကထား စောင့်ကြည့်နေသည့် ရန်ကုန်အခြေစိုက် Burma Monitor အဖွဲ့၏ အချက်အလက်များအရ ၂၀၁၈ ဒီဇင်ဘာလမှ ၂၀၁၉ မေလ ဒုတိယပတ်အထိ တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့အကြား တိုက်ပွဲပေါင်း ၁၀၀ ကျော် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ဧပြီလ ၃၀ ရက်နေ့က ရသေ့တောင်မြို့နယ် ကျောက်တန်းရွာကို တပ်မတော်က ဝင်ရောက်ပြီး ရွာသွား ၂၇၅ဦး ထိန်းသိမ်းစစ်ဆေးခဲ့ကာ အဆိုပါစစ်ဆေးမှုတွင် တပ်မတော်၏ ပစ်ခတ်မှုကြောင့် ရွာသား ဦး သေဆုံးခဲ့ပြီး ဦးကို AA နှင့်ပတ်သက်၍ ဟုဆိုကာ ဆက်လက်ဖမ်းဆီးထားပြီး တရားစွဲဆိုနိုင်ရန် လုပ်ဆောင်နေသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button