အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ထောင်ဆူရန် ခိုင်းစေခြင်းမရှိဟု ရွှေဘိုထောင်ပိုင်ဆို

ရွှေဘိုထောင်တွင် မေလ ၈ရက်နေ့က ဖြစ်ပွားခဲ့သော အကျဉ်းထောင်ဆူပူမှုဖြစ်လာစေရန် ခိုင်းစေသည်ဟု ထောင်သားအချို့က ပြောဆိုသည်ဆိုသော သတင်းအပေါ် Myanmar Now ၏မေးမြန်းမှုကို ရွှေဘိုထောင်ပိုင် ဦးဇော်ထွန်းက ငြင်းဆိုလိုက်ခြင်းဖြစ်သည်။

အကျဉ်းသား လေးဦး သေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရခဲ့သည့် ရွှေဘိုထောင်ဆူပူမှုတွင် အကျဉ်းသားများက ထောင်ပိုင်ကြီးဆူခိုင်းလို့ ဆူရတာပါဟု ပြောဆိုကြောင်း သတင်းများ လူမှုကွန်ရက် တွင်ထွက်ပေါ်နေမှုနှင့် ပတ်သက်၍ ၎င်းယင်းသို့ ပြန်လည်ရှင်းပြခြင်းဖြစ်သည်။

အဆိုပါ ပြောဆိုမှုနှင့် ပတ်သက်ပြီး ထောင်ပိုင်ဦးဇော်ထွန်းက “မဟုတ်ပါဘူးခင်ဗျာ၊ ကျွန်တော်က ထောင်တာဝန်ခံအရာရှိ တစ်ယောက်အနေနဲ့ လုံခြုံရေးမှာ တာဝန်အရှိဆုံး၊ မဆူခိုင်းပါဘူးဗျာ၊ တစ်ဖက်သတ်စွပ်စွဲ မတရားပြောဆိုနေမှုတွေပါ”ဟု ဦးဇော်ထွန်းက ငြင်းဆိုလိုက်သည်။

ယင်းအပြင် သေဆုံးအကျဉ်းသား လေးဦးတွင် နှစ်ဦးမှာ ဆူပူမှု၌ မပါဝင်ဘဲ အိပ်ဆောင်တွင် အနားယူနေစဉ် သေနတ်မှန်၍ သေဆုံးရသည်ဟု အကျဉ်းသားများက ပြောဆိုသည့် သတင်းများ ထွက်ပေါ်နေမှုကိုလည်း ၎င်းက မဟုတ်ကြောင်း ထပ်မံငြင်းဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“အကျဉ်းသားတွေက လွတ်ချင်တာကိုပဲ သိတယ်၊ နိုင်ငံတော်အစိုးရအနေနဲ့က ပြစ်ဒဏ်ကို စဉ်းစားခြင်းမဟုတ်ဘဲနဲ့ ပုဒ်မကို စဉ်းစားပြီးတော့ လွှတ်တဲ့ဟာကို သဘောမပေါက်ဘဲနဲ့ သူများလွတ်ရင် ကိုယ်လည်း လွတ်ရမယ်ဆိုတဲ့စိတ်နဲ့ တစ်ဖက်သတ် အယူအဆတွေ တွေးပြီးတော့ ဆူပူဆန္ဒပြတာတွေ ဖြစ်ကုန်တယ်” ဟု ဦးဇော်ထွန်းက ရှင်းပြသည်။

သေဆုံးအကျဉ်းသားများနှင့် ပတ်သက်ပြီး စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရှိရသော်လည်း  သေဆုံးသူတို့နှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကိုမူ အဆိုပါထောင်အာဏာပိုင်များမှ ထုတ်ပြန်ပြောကြားခြင်း မရှိသေးပေ။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles