အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဒေါက်တာအေးမောင်၊ ဝေဟင်အောင်တို့ကို ထောင် ၂၂ နှစ်စီ ချ

ရခိုင်အမျိုးသားပါတီ ခေါင်းဆောင် ဒေါက်တာအေးမောင်၊ လူငယ်စာရေးဆရာ ဝေဟင်အောင်တို့ကို  နိုင်ငံတော်ပုန်ကန်မှုပုဒ်မ ၁၂၂၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅(ခ) တို့ဖြင့် စစ်တွေခရိုင် တရားရုံးက ယနေ့ ထောင် ဒဏ်  ၂၂ နှစ်စီ ချမှတ်လိုက်သည်ဟု ၎င်းတို့၏ရှေ့နေတစ်ဦးက ပြောသည်။

နိုင်ငတော်ပုန်ကန်မှုနဲ့ နှစ် ၂၀၊ ၅၀၅ (ခ) နဲ့  ၂ နှစ်၊ အားလုံးပေါင်းပြီး ခံစားစေ ဆိုတော့ နှစ် ၂၀ ပေါ့။ အမိန့်ချမှတ် တာတော့ သေချာသွားပါပြီဟု ဝေဟင်အောင်၏ အမှုကို လိုက်ပါဆောင်ရွက်ခဲ့သော တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က ပြောသည်။

၂၀၁၈ ဇန်နဝါရီလလယ်ပိုင်း  ရသေ့တောင်မြို့တွင် ပြုလုပ်သော ရခိုင်ဘုရင့် နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးခြင်း ၂၃၃ ကြိမ်မြောက် အထိမ်းအမှတ် အစီအစဉ်တွင် ၎င်းတို့နှစ်ဦး၏ ဟောပြောချက်သည် ဥပဒေနှင့် ငြိစွန်းသည်ဟု ဆိုကာ ထိန်းသိမ်းခံခဲ့ရခြင်း  ဖြစ်ပြီး  ရုံးချိန်းပေါင်း ၄၁ ကြိမ် ကြားနာပြီးနောက် ယခုကဲ့သို့ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

အမ်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်သည် ရခိုင်တိုင်းရင်းသားများ  အထူး ထောက်ခံအားပေးသည့် နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး စာရေးဆရာ ဝေဟင်အောင်သည်လည်း ဒေသတွင်း ထင်ရှားသူတစ်ဦးဖြစ်သည်။

၎င်းတို့နှစ်ဦး၏အမှု စီရင်ချက်ချသည့်ယနေ့တွင် အာဏာပိုင်တို့က စစ်တွေမြို့ လုံခြုံရေးအခြေအနေ တိုးမြှင့်ထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button