အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဓာတ်ပုံအက်ဆေး

နေရာ ဇီဇာမကြောင်သည့် အသီး (ဓာတ်ပုံအက်ဆေး)

မြန်မာနိုင်ငံတွင် စပျစ်အများဆုံး စိုက်ပျိုးသည့်ဒေသမှာ မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ဖြစ်သည်။

မြန်မာပြည် ဒေသ အများစုတွင်  စပျစ်စိုက်ပျိုးဖြစ်ထွန်းနိုင်သော်လည်း ရာသီဥတု၊ မြေအမျိုးအစားတို့ တူညီခြင်းမရှိသောကြောင့် စပျစ်စိုက်လိုသူသည် မိမိဒေသနှင့် ကိုက်ညီမည့် စိုက်ပျိုးနည်းစနစ်၊ ပြုပြင်ထိန်းသိမ်းပုံတို့ကို လေ့လာသိရှိထားရသည်။

ထိုသို့ သိရှိထားမှ သီးနှံဖြစ်ထွန်းအောင်မြင်ခြင်း၊ အရည်အသွေးကောင်းခြင်း၊ ဈေးကွက်ဝင်ခြင်းအဆင့်တို့ကို တက်လှမ်းနိုင်မည်ဖြစ်သည်။

စိုက်ပျိုးသူပေါများလာပါက စပျစ်သီးဖျော်ရည်၊ စပျစ်သီးခြောက်၊ စပျစ်ယို၊ စပျစ်စေ့ အဆီ၊ စပျစ်စေ့ အမှုန့် စသည့် တန်ဖိုးမြင့်ထုတ်ကုန်များ၊ ပြည်ပပို့ကုန်များကို ထုတ်လုပ်နိုင်မည်ဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

 Y Shape (အင်္ဂလိပ်အက္ခရာ Y ပုံစံ) စနစ်ဖြင့် စိုက်ပျိုးထားသည့် စပျစ်ခြံတစ်ခု။ ရမည်းသင်းဒေသတွင် အများအားဖြင့် စင်တင်စနစ်ကို တွေ့ရသော်လည်း ယမကာထုတ်လုပ်မည့်စပျစ်အတွက်ဆိုလျှင် Y Shape စနစ်ဖြင့် စိုက်ပျိုးကြသည်။

 Y Shape (အင်္ဂလိပ်အက္ခရာ Y ပုံစံ) စနစ်ဖြင့် စိုက်ပျိုးထားသည့် စပျစ်ခြံတစ်ခု။ ရမည်းသင်းဒေသတွင် အများအားဖြင့် စင်တင်စနစ်ကို တွေ့ရသော်လည်း ယမကာထုတ်လုပ်မည့်စပျစ်အတွက်ဆိုလျှင် Y Shape စနစ်ဖြင့် စိုက်ပျိုးကြသည်။

စပျစ်ခူးဆွတ်ပြီးလျှင် သုံးပိဿာ၊ လေးပိဿာဆံ့သည့် ခြင်း၊ စက္ကူပုံးများဖြင့် ထုပ်ပိုးကြသည်။ စပျစ်သီး လှိုင်လှိုင်ထွက်ပေါ်သည့်လများမှာ မတ်၊ ဧပြီလ၊ သြဂုတ်လတို့တွင်ဖြစ်ပြီး ကျန်ကာလများတွင်လည်း အနည်းအကျဉ်း ထွက်ရှိတတ်သည်။

မိမိဒေသနှင့် ကိုက်ညီသည့် စိုက်နည်းစနစ် အသုံးပြုပါမှ သွင်းအားစုဟု ခေါ်ကြသည့် မြေသြဇာ၊ ပိုးသတ်ဆေး ကုန်ကျစရိတ် ပိုမို သက်သာပေမည်။ ဆွတ်ခူး ထုပ်ပိုးပြီးပါက တစ်နိုင်ငံလုံးဖြန့်ပေးမည့် ကားဂိတ်များသို့ ပို့ဆောင်ရသည်။

ထုပ်ပိုးပြီးသားစပျစ်ကို ဆိုင်ကယ်ဖြင့် တင်သွားပြီး ကားလမ်းအထိ သို့မဟုတ် ကားဂိတ်အထိ ပို့ဆောင်ကြရသည်။  

ဝိုင်စပျစ်အတွက် ဝိုင်အရက်ချက် ကုမ္ပဏီတချို့က မည်သည့်ဈေးနှုန်းဖြင့် မည်မျှဝယ်ယူမည် ဆိုသည်ကို စာချုပ် ကြိုတင်ချုပ်ထားလေ့ ရှိသည်။ ကုမ္ပဏီကားက စိုက်ခင်းဘေးအထိ မောင်းလာပြီး စပျစ်ပုံးကို လာရောက် သယ်ဆောင်မည် ဖြစ်သည်။ အသီးစားစပျစ်ကမူ ဝယ်လက် ရှာဖွေရန် လိုအပ်သည်။ ထို့အပြင် ဈေးကွက်တင်ရန် ကားဂိတ်အထိ သွားရောက် ပို့ဆောင်ပေးရသည်။ 

ရမည်းသင်းမြို့တွင် တစ်နိုင်ငံလုံးသို့ စပျစ်တင်ပို့ရောင်းချသည့် ကားဂိတ် သုံးခုထက်မနည်းရှိနေပြီး တင်ပို့မှုအားလုံး၏ ၆၀ ရာခိုင်နှုန်းမှာ ရန်ကုန်မြို့ဖြစ်သည်။ 

ဓာတ်ပုံများ – အောင်ငြိမ်းချမ်း / Myanmar Now

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles