ဓာတ်ပုံအက်ဆေး

ရှမ်းမြောက်တိုက်ပွဲ မြင်ကွင်းများ (ဓာတ်ပုံ အက်ဆေး)

ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာ တက္ကသိုလ်အပါအဝင် နေရာငါးခုကို ကိုးကန့်တပ် (MNDDA)၊ ရက္ခိုင့်တပ်တော်(AA)နှင့် တအာင်း/ပလောင်တပ်(TNLA) တို့ ပူးပေါင်းထားသည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့က ဩဂုတ်လ ၁၅ ရက်နေ့က  စတင်တိုက်ခိုက်လိုက်ရာမှ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ ပြန်လည်စတင်လာခဲ့သည်။

ယခင်က တွဲကား၊ ကုန်တင်ကားကြီးများ မပြတ်သွားလာနေခဲ့သည့် လားရှိုးမှ ကွတ်ခိုင်သို့ ၄၆ မိုင်ခရီးတွင် ယခုအခါ ခြောက်ကပ်နေပြီး အိမ်စီးကား အနည်းငယ်၊ ကုန်တင်ယာဉ် အနည်းအကျဉ်းများကိုသာ တွေ့မြင်ရသည်။ လမ်းတလျှောက်ရှိ အိမ်ဆိုင်များနှင့် စားသောက်ဆိုင်အားလုံးနီးပါး ပိတ်ထားသော်လည်း ဆီဆိုင်အချို့ ဖွင့်ထားသည်ကို တွေ့ရသည်။

ယခင်ရက်များက တိုက်ပွဲများ ခပ်စိပ်စိပ် ပြင်းထန်ခဲ့သည့် သိန္နီ – ကွတ်ခိုင်ကြား လွမ်ဆမ်ဆစ်တွင်မူ ယခုတိုင် တိုက်ပွဲဖြစ်ပွားရာတွင် ကျန်ခဲ့သည့် ကားတာယာနှင့်ပြုလုပ်ထားသည့် နေရာများနှင့် ကာကျင်းများကို တွေ့မြင်နေရဆဲဖြစ်သည်။

တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလာနေသည့်နှင့်အမျှ ကွတ်ခိုင်မြို့အနီးမှ ရှမ်းရွာများ၊ ပလောင်ရွာများနှင့် ဗမာတိုင်းရင်းသား အများစုနေထိုင်သည့် ရွာများမှ တိုင်းရင်းသားများသည် နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းများတွင် ခိုလှုံနေရပြီး Myanmar Now က ရရှိထားသည့် ဒုက္ခသည်ဦးရေစာရင်းမှာ ခန့်မှန်း ၁၀၀၀ ကျော် ရှိနေပြီဟု ယုံကြည်ရသည်။

ဓာတ်ပုံ – အောင်ငြိမ်းချမ်း နှင့် မြတ်ကျော်သူ

Related Articles

Back to top button