အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဓာတ်ပုံအက်ဆေး

ထူးခြားသည့် ဘုန်းကြီးကျောင်း (photo essay)

မိုးညှင်း— မြန်မာနိုင်ငံရှိ အထူးခြားဆုံး ဘုန်းတော်ကြီးကျောင်းမှာ ကချင်ပြည်နယ် မိုးညှင်းမြို့ရှိ ပညာလင်္ကာရ ဇောတိရှမ်းဘုန်းကြီးကျောင်း ဖြစ်ကောင်းဖြစ်နိုင်သည်။

ကျောင်းတွင် သီတင်းသုံးသော သံဃာများသည် ခြုံထည်၊ စောင်တို့ကို အသုံမပြုဘဲ သင်္ကန်းကိုသာ ခြုံပြီး ကျိန်းစက်ကြသည်။ ခုတင်ကိုလည်း အသုံးမပြုကြဟု ဆိုသည်။  

နိုင်ငံအတွင်း စည်းကမ်းကြီးလွန်းသော ဘုန်းတော်ကြီးကျောင်း အများအပြားထဲတွင် ပါဝင်သည့် ဤကျောင်းတွင် မတူကွဲပြားမှုတို့ တွေ့မြင်ရခြင်းမှာ ဝိနည်းကို တင်းတင်းကျပ်ကျပ် လိုက်နာခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။

စာသင်သား ၁၅၀ကျော်ရှိသော၊ အုတ်တံတိုင်း နှစ်ထပ်ကာရံထားသော  ကျောင်းဝင်းအတွင်းမှ မည်သည့် သံဃာမျှ အကြောင်းမဲ့ ပြင်ပထွက်ရောက်ရောက်ခြင်း မပြုရန် စည်းကမ်း သတ်မှတ်ထားသည်၊ ရပ်ရွာအတွင်း သာရေးနာရေးအတွက် ပင့်ဖိတ်လျှင် ခြေလျင်ကြွချီလေ့ရှိသည်၊ မည်သည့် ယာဉ်ကိုမျှ အသုံးပြုခြင်းမရှိဟု သိရသည်။

ကျောင်းမှ သံဃာတို့ ခြေလျင်လျှောက် ခရီးထွက်သည့် အစဉ်အလာမှာ  ရှေးကာလကတည်းကပင် အစပြုခဲ့သည်။

ပစ္စည်းလေးပါးဒါယကာများ၏ ပင့်ဆောင်လျှောက်ထားမှုကြောင့် ရှမ်းပြည်နယ် မိုးမိတ်မြို့မှ ပြောင်းရွှေ့ခဲ့သည့် ရဟန်းသည် မည်သည့် ယာဉ်ကိုမှမသုံးဘဲ လမ်းလျှောက် ကြွချီလာခဲ့သည်၊ မိုင်းပေါင်း ရာနှင့်ချီဝေးသော ခရီးအတွက်  တစ်လကျော် ကြာခဲ့သည်ဟု ဇောတိရှမ်းကျောင်း ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးမျိုးအောင်က ပြောပြသည်။

ဇောတိကျောင်းကို အင်းဝခေတ်က စတင်တည်ထောင်သူမှာ  အရှင်ဝါရဇောတိကဘွဲ့အမည်ရ ရဟန်းဖြစ်ကြောင်း၊  ဒေသတွင်း ရှမ်းလူမျိုးများ ကိုးကွယ်ဆည်းကပ်မှု များလာပြီးနောက်တွင် ကိုးကွယ်သူ ရှမ်းလူမျိုးတို့ကို ဇောတိရှမ်းဟုလည်းကောင်း၊ ကျောင်းကိုလည်း ဇောတိရှမ်းဘုန်းကြီးကျောင်းဟု လည်းကောင်း ခေါ်ဝေါ်ခဲ့ကြကြောင်း သိရသည်။

ရှမ်းတိုင်းရင်းသား အုံနှင့်ကျင်းနှင့် နေထိုင်သော မိုးညှင်းတွင် ဤကျောင်းမှာ ဒေသခံ အများအပြားတို့ အလေးထားသည့် နေရာတစ်ခုဖြစ်သည်။  စစ်ရေး ပဋိပက္ခကြောင့် တိမ်းရှောင်ရသူတို့ အားထား ခိုလှုံသည့်နေရာတစ်ခုလည်း ဖြစ်နေသည်ကို တွေ့ရသည်။

မကြာသေးခင်က ထူးခြားသည့် ဤကျောင်းတော်ရာသို့ ရောက်ရှိခဲ့သည့် သတင်းသမား ဖြိုးသီဟချိုက မြင်ကွင်းတချို့ကို ဓာတ်ပုံရိုက် မှတ်တမ်းတင်ထားသည်။


မိုးညှင်းမြို့ ဇောတိရှမ်း ဒုက္ခသည်စခန်းသို့ ရောက်ရှိနေသည့် ရှမ်းအမျိုးသမီးကြီးတစ်ဦး။ ရှမ်းပြည်နယ်အတွင်းရှိ  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်ကြသော TNLA နှင့် SSA အဖွဲ့နှစ်ခုကြားဖြစ်ပွားသော တိုက်ပွဲများကြောင့် ဤဒုက္ခသည်စခန်းတွင် ဒေသခံ အများအပြား သောင်တင်နေကြသည်။


 ဇောတိရှမ်း စစ်ရှောင်စခန်းကို မိုးညှင်းမြို့တွင် ဇောတိရှမ်းရွာ ၅ရွာတွင် နေထိုင်သူများ၏ အကူအညီဖြင့် တည်ထောင်ခဲ့ခြင်းဖြစ်သည်။ စခန်းတွင် ၇၁ ဦး ခိုလှုံနေသည်။


 ဇောတိရှမ်းကျောင်းတွင် သံဃာ ၁၇၁ ပါး ရှိပြီး စာသင်သား ၁၅၀ ရှိသည်။


  စာအံနေကြသော စာသင်သား ကိုရင် ၂ ပါး။ ဇောတိရှမ်းကျောင်းတွင် ဗုဒ္ဓစာပေများကို မူလရှမ်းကြီးစာဖြင့်သာ သင်ကြားလျက်ရှိသည်။


 ပြင်ပသို့ အကြောင်းမဲ့ သွားရောက်ခွင့် ကန့်သတ်ထားသော ကျောင်းအတွင်းမှ ကိုရင်နှစ်ပါး။


 ကျောင်းအတွင်းမှ စားဖိုဆောင်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button