အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဓာတ်ပုံအက်ဆေး

ဒုက္ခသည်စခန်းထဲမှ ပျော်ရွှင်မှု

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ရှိ ရွှေဇက်စစ်ရှောင်စခန်းတွင် ဒီဇင်ဘာလ ၂၉ ရက်နေ့က ခရစ္စမတ်ပွဲတော် ဆက်လက် ကျင်းပနေသည်ကို တွေ့ရသည်။

၂၀၁၁ ခုနှစ်က စတင် ပေါ်ပေါက်လာသည့် ရွှေဇက်စခန်းတွင် အိမ်ထောင် ၉၅ စု၊ လူဦးရေ ၅၅၃ ဦး ခိုလှုံ နေထိုင်လျက်ရှိသည်။ အများစုမှာ တာလောကြီး ၊ အင်ပေါင်၊ နန်ဆန်ယန် ဒေသတို့မှ ရောက်ရှိလာကြသူများဖြစ်သည်။ မိဘများ နေရပ်ရင်း မတူညီကြသော်လည်း ကလေးငယ် အများအပြားမှာ ဤစခန်းတွင် မွေးဖွားလာသူများ ဖြစ်သည်။

 နေရပ်ပြန်ရမည့်နေ့ မရေရာကြသော်လည်း ခရစ္စမတ်ပွဲတော်ကာလတွင် စခန်းတွင် နေထိုင်သူ အများအပြား ကြည်နူး ပျော်ရွှင်နေကြသည် (ဓာတ်ပုံ – ရွှေပေါ်မြတင်)

စစ်ရှောင်စခန်းတွင် ခရစ္စမတ်ပွဲတော်ကို နှစ်စဉ်ကျင်းပလေ့ရှိသည်။ ပွဲတော်အတွင်း တရားဒေသနာ ဟောကြားခြင်း၊ ပျော်ပွဲရွှင်ပွဲများ၊ ပြဇာတ်၊ ကလေးငယ်တို့၏ဖျော်ဖြေမှုများ၊ ကချင်ရိုးရာအကများ၊ ကချင်တိုင်းရင်းသား အဆိုတော်တို့၏ တင်ဆက်မှုများကို တွေ့ရသည်။

 ဝတ်ပြုဆုတောင်းမှု မြင်ကွင်းတစ်ခု (ဓာတ်ပုံ – ရွှေပေါ်မြတင်)

ဒီဇင်ဘာ၂၅ မှ ၃၁ အထိကို ပွဲတော်ကာလဟု သတ်မှတ်ထားကြောင်း သိရသည်။ ဒီဇင်ဘာ၂၅ ခရစ္စမတ်နေ့အစီအစဉ်ကို ခရစ်ယာန်အသင်းတော်က ဦးဆောင် ပြုလုပ်ပြီး ကျန်နေ့များတွင် ကူညီလှူဒါန်းသူ ရှိပါက ပွဲတော်ကို စည်စည်ကားကား ပြုလုပ်နိုင်မည်ဖြစ်သည်။

ခရစ္စမတ်သီချင်းတစ်ပုဒ်ဖြင့် ဖျော်ဖြေနေသည့် ကလေးငယ်တစ်ဦး (ဓာတ်ပုံ – ရွှေပေါ်မြတင်)

နေရပ်စွန့်ခွာ တိမ်းရှောင်သူတို့ ခိုလှုံရာစခန်းတွင်း အနာဂတ် မရေရာသောကြောင့် နေရပ်ပြန်ရမည့်နေ့ကို ခန့်မှန်းနိုင်ကြခြင်း မရှိပေ။ ပျော်ရွှင်စရာ နည်းပါးသည့် စစ်ရှောင်စခန်းတွင် နေထိုင်သူ ကလေး၊ လူကြီးတို့အတွက် ခရစ္စမတ်အချိန်ကာလသည် ကြည်နူးဝမ်းသာမှုများနှင့်အတူ ရောက်ရှိလာလေသည်။

ရွှေဇက်စစ်ရှောင်စခန်း ခရစ္စမတ်ပွဲတော်မှ ကလေးများ၏ တင်ဆက်မှု (ဓာတ်ပုံ – ရွှေပေါ်မြတင်)

 

ဓမ္မသီချင်းတစ်ပုဒ် ဝိုင်းဝန်း သီဆိုနေကြသော ဒေသခံတချို့ (ဓာတ်ပုံ – ရွှေပေါ်မြတင်)
ခေတ်ပေါ်အကဖြင့် ဖျော်ဖြေနေသည့် ကချင်တိုင်းရင်းသူ ကလေးငယ်များ (ဓာတ်ပုံ – ရွှေပေါ်မြတင်)

Related Articles

Back to top button