အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဦးကိုနီလုပ်ကြံခံရမှု ပြည်ခိုင်ဖြိုး၊ မဘသ နှင့် ပတ်သက်မှုမရှိဟု ပြည်ထဲရေးဝန်ကြီးပြောကြား

ထောက်လှမ်းရေးဗိုလ်ကြီးဟောင်း ဇေယျာဖြိုး၊ ဒုတိယဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်၊ ပြည်ခိုင်ဖြိုးလွှတ်တော်အမတ် ဦးလင်းဇော်ထွန်းတို့ ရန်ကုန် တာမွေမြို.နယ် မော်ဒန်လ္ဘက်ရည်ဆိုင်တွင် တွေ့ဆုံစဉ် ဦးကိုနီအကြောင်း မကျေမနပ်ပြောဆိုဆွေးနွေးမှုများမှ တစ်ဆင့် ဦးကိုနီလုပ်ကြံသတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကျော်ဆွေက ပြောကြားသည်။

ဖြစ်စဉ်တွင် လူပေါင်း ၇၀ ကျော်ကို ခေါ်ယူမေးမြန်းခဲ့ပြီး ယခင်တပ်မတော်ထောက်လှမ်းရေးအဖွဲ.ဝင်များနှင့် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး (မဘသ)အဖွဲ.နှင့် ပတ်သက်မှု မရှိနိုင်ကြောင်း၊ စုံစမ်းအရေးယူမႈများ ဆက်လက်လုပ်ဆောင်နေကြောင်း ဝန်ကြီးက ပြောဆိုခဲ့သည်။

ရှမ်းပြည်နယ် မိုင်းဖြတ်မြို.နယ် ပြည်သူ.လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်းအားလည်း ရဲတပ်ဖွဲ.က ခေါ်ယူမေးမြန်းခဲ့ပြီး ယခုအမှုတွင် သူပါဝင်မှုမရှိကြောင်း ဗိုလ်ချုပ်ကျော်ဆွေက ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button