အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အင်းဝအပ်ချုပ်ဆိုင်အမူ တရားသူကြီးပြောင်းလဲ၊ ပြန်ခေါ်သက်သေစစ်ဆေးမှု စတင်

ရန်ကုန် – အင်းဝအပ်ချုပ်ဆိုင် ကလေးအလုပ်သမားနှစ်ဦး နှိပ်စက်ခံရသည့်အမှုကို နေပြည်တော် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှ ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးသို့ ပြောင်းရွှေ့လာသော ဒေါ်အေးအေးသန်းက စတင်ကိုင်တွယ်လျက်ရှိရာ ဇွန် ၈ ရက်နေ့တွင် ပြန်ခေါ်သက်သေတစ်ဦးကို စစ်ဆေးခဲ့သည်။

ယခင် ခရိုင်တရားသူကြီး ဒေါ်ဆွေဆွေမှာ အငြိမ်းစား ယူသွားပြီဟု သိရသည်။

ပြန်ခေါ်သက်သေတို့ကို စစ်ဆေးလိုကြောင်း တရားစွဲခံရသူများဘက်က ယခင်က တင်ပြထားချက်အရ တရားသူကြီးသစ်က လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယကျောင်းအုပ် ဒေါ်စန်းစန်းထွေးကို စစ်ဆေးခဲ့သည်ကို တွေ့ရသည်။

အမှုကို ဇွန်လ ၁၃ ရက်နေ့တွင် ဆက်လက်စစ်ဆေးမည်ဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

တရားစွဲခံရသူများက တရားသူကြီးပြောင်းလဲသော်လည်း အမှုကို အစမှ ပြန်လည်စစ်ဆေးခြင်းမပြုဘဲ ပုံမှန်အတိုင်း ဆက်လက် စစ်ဆေးသွားရန် သဘောထားပေးခဲ့ကြသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles