အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

နိုင်ငံရေးမှ တပ်မတော် ဆုတ်ခွာရန် တိုင်းရင်းသားပါတီများ တောင်းဆို

တပ်မတော်သည် တိုင်းပြည်၏ အကျိုးကို ထောက်ရှုပြီး နိုင်ငံရေးနယ်ပယ်မှ ဆုတ်ခွာရန် လိုအပ်သည်ဟု နိုင်ငံရေးပါတီများဖြင့်ဖွဲ့စည်းထားသည့် စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများမဟာမိတ်(UNA) နှင့် မိတ်ဖက်အဖွဲ့အစည်းများက ယနေ့ တိုက်တွန်းလိုက်သည်။

ဖွဲ့စည်းပုံအခြေခံပြင်ဆင်ရေး၊  ရပ်တန့်နေသည့် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေးများအတွက် ဆွေးနွေး အဖြေရှာရန် ရန်ကုန်မြို့တွင်ပြုလုပ်သော အစည်းအဝေးအပြီး ထုတ်ပြန်သည့် ကြေညာချက်ထဲတွင် ယင်းသို့ တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

“လက်ရှိတိုင်းပြည်၏ လုံခြုံရေး အခြေအနေအရပ်ရပ်ကြောင့် တပ်မတော်သည် နိုင်ငံရေးနယ်ပယ်မှ ဆုတ်ခွာရန် ခက်ခဲနေပါက မည်သည့်ကာလ၊ မည်သည့်အခြေအနေတွင် နိုင်ငံရေးနယ်ပယ်မှ ဆုတ်ခွာမည်ဖြစ်ကြောင်း အချိန်ဇယားအတိအကျဖြင့် ပြည်သူလူထုအား ကတိပြုပြောကြားရန် အထူးလိုအပ်ပေသည်” ဟု ကြေညာချက်က ဆိုသည်။

တိုင်းရင်းသားလက်နက်ကိုင်များ အားလုံး မရှိတော့သည့်အချိန်မှသာ နိုင်ငံရေးမှ စွန့်ခွာမည်ဟု တပ်မတော်က ပြောကြားပြီး ၄ ရက်အကြာတွင် ဤသို့ ကြေညာချက် ထုတ်ပြန်ခြင်း ဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

၂ဝဝ၈ အခြေခံဥပဒေသည် တပ်မတော်ကို အာဏာ အများအပြား အပ်နှင်းထားပြီး နိုင်ငံရေးတွင် အရေးကြီးသည့် ကဏ္ဍများ အလိုအလျောက် ရရှိရန် အာမခံထားသည်။

အခြေခံဥပဒေ အကျပ်အတည်း အစပြုခဲ့သည်မှာ တိုင်းပြည်လွတ်လပ်ရေးရချိန်ကပင် ဖြစ်သည်ဟု UNA ကြေညာချက်က ဆိုသည်။

UNA ဆွေးနွေးပွဲသို့ တက်ရောက်သည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က နိုင်ငံရေး အခန်းကဏ္ဍတွင် တပ်မတော် ပါဝင်မှုကို လျှော့ချရန် လိုအပ်နေပြီး ငြိမ်းချမ်းရေးပြဿနာ၊ ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ပြဿနာများ ဖြေရှင်းရန် အရေးတကြီး လိုအပ်နေသည်ဟု မှတ်ချက်ပေးသည်။

“လက်တွေ့ကတော့ ကျွန်တော်တို့ တိုင်းပြည်က ဒီမိုကရေစီတိုင်းပြည်မဖြစ်သေးဘူး။ ဒီမိုကရေစီလို့ ပြောနေကြတာပဲ။ တပ်က လက်တွေ့မှာတော့ နိုင်ငံရေးမှာ ဆက်ပြီး ဦးဆောင်နေတယ်။ အဲဒီကတည်းက ကျွန်တော်တို့ တိုင်းပြည်က ဒီမိုကရေစီအခြေအနေမဟုတ်ဘူး။ တကယ်တမ်း ဒီမိုကရေစီနိုင်ငံဖြစ်မယ်ဆိုရင် တပ်မတော်ဆိုတာ အရပ်သား အုပ်ချုပ်မှုရဲ့ အောက်မှာရှိရမယ်” ဟု ၎င်းက ပြောသည်။

၂ ရက်ကြာကျင်းပသည့် အဆိုပါအစည်းအဝေးတွင် နိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများ စုစုပေါင်း ၄၉ ဖွဲ့ထက်မနည်း ပါဝင် ဆွေးနွေးခဲ့ကြသည်။ နောက်တစ်ကြိမ် တွေ့ဆုံကြမည့်ရက်ကို မသတ်မှတ်ရသေးဟု သိရသည်။

UNA နှင့် နီးစပ်ခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်လည်း ယနေ့ အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

UNA အစည်းအဝေးကို ၂၀၁၅ ခုနှစ်အတွင်း နောက်ဆုံး ကျင်းပခဲ့ပြီး NLD ပါတီ အာဏာရပြီးနောက် ၂၁ ရာစု ပင်လုံညီလာခံ အစီအစဉ်တို့နှင့်တိုက်ဆိုင်နေသောကြောင့် အစည်းအဝေးများ ယာယီရပ်နားခဲ့ပြီး ၃ နှစ်ကျော်အကြာမှသာ ပြန်လည်ပြုလုပ်နိုင်ခြင်း ဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles