အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မလေးရှားမူးယစ်မှုမှ ထိပ်တန်းသံသယတရားခံကို ဆိပ်ကမ်းတရားရုံးတွင် ရမန်ယူ

(ရန်ကုန်) – မလေးရှားနိုင်ငံတွင် သိမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးပြား စံချိန်တင်ပမာဏ အမြောက်အမြားနှင့် ပတ်သက်ပြီး အဓိကကျသော သံသယတရားခံအမည်ကို ယမန်နေ့က မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာက ပုံနှင့်တကွ ထုတ်ဖော်ကြေညာပြီး နောက်တစ်ရက်တွင် ၎င်းကို ဖမ်းဆီးရမိခဲ့ပြီဖြစ်ကြောင်း ရန်ကုန်မြို့ ဆိပ်ကမ်းမြို့နယ်ရဲစခန်းက Myanmar Now ကို အတည်ပြုသည်။

၎င်းသည် ရန်ကုန်မြို့ တာမွေမြို့နယ်၊ နတ်မောက်ရပ်ကွက်၊ ဖိုးစိန်လမ်း၊ အမှတ် မ/၅ဝ (A) နေ မောင်မောင် ခေါ် Hj Yassin ဆိုသူဖြစ်ပြီး ဇွန်လ ၅ ရက်နေ့  ည ၁၁ နာရီ ၁၅ မိနစ်တွင် မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် အုန်းချော ၁၆ မိုင်ဂိတ်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

၎င်းကို ရန်ကုန်မြို့ ဆိပ်ကမ်းမြို့နယ် တရားရုံးတွင် ယနေ့ နေ့လယ်ပိုင်းက ချုပ်ရမန် ရယူခဲ့သည်။

မြန်မာနိုင်ငံမှ တင်ပို့လိုက်သော ကုန်သေတ္တာတစ်လုံးအတွင်းမှ လက်ဖက်ခြောက်ထုပ်များထဲတွင် ဝှက်ကာ တင်ပို့လိုက်သည့် မူးယစ်ဆေး ၁ ဒသမ ၂ တန်နီးပါး၊ တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၁၈ သန်း ကို မလေးရှားအာဏာပိုင်များက မေလ ၂၂ ရက်နေ့တွင် သိမ်းဆည်းရမိခဲ့ကာ မလေးရှားနိုင်ငံသားသုံးဦးနှင့် မြန်မာနိုင်ငံသား သုံးဦးတို့ကိုပါ ဖမ်းဆီးခဲ့သည်ဟု နိုင်ငံတကာသတင်းများတွင် ဖော်ပြထားသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အဆိုပါ မူးယစ်ဆေးဝါးများကို ရန်ကုန်မြို့ရှိ Nice Guy Clearence Service Agency မှ စားသောက်ကုန်များနှင့် ရောနှော တင်ပို့ခဲ့ခြင်းဖြစ်ပြီး မောင်မောင် ခေါ် Hj Yassin ၏ ဆက်သွယ်မှုအရ U Kaung Trading Co.Ltd က တာဝန်ယူ တင်ပို့သည်ဟု စစ်ဆေးတွေ့ရှိခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ‘ရဲဇာနည်’ Facebook စာမျက်နှာတွင် ဇွန်လ ၅ ရက် ည ၈ နာရီ ၅၅ မိနစ်က လွှင့်တင် ခဲ့သည်။

ထိုအမှုနှင့်ဆက်စပ်နေသည်ဟုဆိုသော “အမျိုးသားတစ်ဦး”ကို ဖမ်းဆီးရမိခဲ့ပြီးနောက် မောင်မောင်သည် မေလ ၃ဝ ရက်နေ့ကတည်းက တိမ်းရှောင်နေသဖြင့် စုံစမ်း ရှာဖွေနေသည်ဟု ဆက်လက်ဖော်ပြထားပြီး ဆိပ်ကမ်း မြို့မရဲစခန်း၌ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်ထားသည်ဟု ဆက်လက် ဆိုထားသည်။

၎င်းတို့၏ ပြည်တွင်းဘဏ်စာရင်းများရှိ ကျပ်သိန်းပေါင်း ၂၈,ဝဝဝ ကျော်တို့ကို ယာယီ ပိတ်သိမ်းထားသည်ဟုလည်း သတင်းထုတ်ပြန်ထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles