အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကော်ဘရာစစ်ကြောင်းတိုက်ခံရ၊ ထောက်ပို့ရဲမေ ၂ ဦးနှင့် ရဲဘော် ၁ ဦး သေဆုံး

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၂၇ လက်အောက်ခံ ကော်ဘရာစစ်ကြောင်း တပ်ဖွဲ့ဝင်များကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၂ ညနေပိုင်းတွင် ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်း ချုံခိုတိုက်ခိုက်ရာ ၃ ဦး သေဆုံးသွားသည်ဟု သိရသည်။

သေဆုံးသူများမှာ ထောက်ပို့ရဲမေ နော်အယ်မူး၊ အခြားရဲမေတစ်ဦးနှင့် ရဲဘော်တစ်ဦးတို့ ဖြစ်သည်ဟု သိရသည်။

သေနတ်ဒဏ်ရာများကြောင့် သွေးထွက်လွန် သေဆုံးသည့် ထို ၃ ဦး၏ ရုပ်အလောင်းများကို ယနေ့နံနက် (နိုဝင်ဘာ ၂၃) တွင် ယာဉ်အတွင်း ပြန်တွေ့ရသည်ဟုလည်း ကော်ဘရာစစ်ကြောင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ကော်ဘရာတပ်ဖွဲ့ဝင်များ မြို့တောင်ဘက် မြဝတီ−ဝေါလေလမ်းပေါ်ရှိ ကျောက်ခတ်ကျေးရွာတွင် ဈေးဝယ်အပြီး အပြန်လမ်းတွင် စစ်ကောင်စီက စက်လက် (Auto Machine Gun) များဖြင့် ချုံခိုပစ်ခတ်သည်ဟု ကော်ဘရာစစ်ကြောင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“အပြန်မှာ ဖြစ်တာပါ၊ အရင်က ကော်ဘရာတပ်ဖွဲ့ ကင်းရှိတဲ့နေရာတွေပါ၊ အခု စစ်ကောင်စီက တောင်ကြားကနေ တက်ပြီး၊ ကင်းပုန်းယူပြီး ဈေးဝယ်အပြန်ကားကို စောင့်ပစ်ကြတာလို့ သိထားရတယ်” ဟု ၎င်းက ပြောသည်။

ကော်ဘရာစစ်ကြောင်းမှ တပ်ဖွဲ့ဝင် ၁၂ ဦးအနက်မှ ၅ ဦးမှာ စတင်ပစ်ခတ်ခံရချိန်တွင် လွတ်မြောက်သွားသည်ဟု သိရသည်။ ယာဉ်ထဲတွင် ကျန်နေခဲ့သည့် ၇ ဦးအနက် ၃ ဦးမှာ သေနတ်ဒဏ်ရာများဖြင့် သေဆုံးသွားခြင်းဖြစ်သည်။

ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးနှင့် ဒဏ်ရာရရှိထားသည့် ရဲဘော်တစ်ဦးကို ယနေ့နံနက်တွင် အသက်ရှင်လျက် ပြန်တွေ့သည်ဟု ကော်ဘရာစစ်ကြောင်းနှင့် နီးစပ်သူ နောက်တစ်ဦးက ပြောသည်။

ကျန် ၂ ဦး၏ အခြေအနေကို မသိရသေးပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles