အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဝက်လက်အနောက်ခြမ်းတွင် စစ်တပ်က ပစ်ခတ်၍ ၁ ဦးသေ၊ ၁၀ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် ရွာသာကြီးရွာတွင် ယမန်နေ့ (စက်တင်ဘာ ၂၅) က စစ်တပ်က ရွာအတွင်း ဝင်ရောက်ပစ်ခတ်စဉ် ရွာသားတစ်ဦး သေဆုံးကာ ဒဏ်ရာရသူ ၁၀ ဦးခန့်ရှိသည်ဟု သိရသည်။ 

အင်အား ၄၀ ခန့်ရှိ စစ်သားများမှာ ရွာသာကြီးရွာမှ သုံးမိုင်ခန့်အကွာ လှတောရွာတွင် တပ်စွဲထားသူများဖြစ်ပြီး နံနက် ၆ နာရီခန့်တွင် စစ်ကားနှစ်စီးဖြင့် ရောက်ရှိလာကာ လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းဖြစ်သည်ဟု ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တာဝန်ရှိသူက ပြောသည်။

“ကျွန်တော် တပ်စိတ်တစ်စိတ် ရွာကို ကူဖို့ လွှတ်ထားပေမဲ့ ဝင်လို့မရသေးဘူး။ စကစက လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်မှုကြောင့် သေဆုံးမှုရှိတယ်။ တစ်ယောက်တော့ သေချာတယ်။ အနည်းဆုံး ၁၀ ယောက် ဒဏ်ရာအပြင်းအထန် ရထားပါတယ်” ဟု ရွှေဘို PDF လက်အောက်ခံ တပ်ရင်း ၁၈ မှ ဗိုလ်စွန်ရဲ ဆိုသူက ပြောသည်။​

စစ်တပ်က ရွာသာကြီးရွာအတွင်း ရှိနေဆဲဖြစ်ကာ ရွာသူရွာသားများနှင့် တယ်လီဖုန်း အဆက်အသွယ်သာ ရသေးကြောင်း၊ အခြေအနေ အတိအကျ မသိရသေးဘဲ နေရာအချို့ မီးရှို့ဖျက်ဆီးခံထားရသည်ဟု သိရကြောင်းလည်း ၎င်းက ယနေ့ ပြောသည်။​

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“တိုက်နယ် ပကဖခေါင်းဆောင်ရဲ့ အိမ်ကို ဝင်စီးတယ်လို့ ပြောလို့ရတယ်။ တပ်ဖွဲ့တွေက အချိန်မီ ဆုတ်ခွာနိုင်ကြတယ်။ တော်လှန်ရေးရဲဘော်တွေ အထိအခိုက် မရှိသေးဘူး။ ရွာထဲက တပ်ဖွဲ့တွေကလည်း အပြင် ဆုတ်ထားရပြီ။ အပြင်ကနေ တပ်ဖွဲ့တွေက လာကူကြပေမဲ့လည်း အထဲမဝင်နိုင်သေးဘူး” ဟု ဗိုလ်စွန်ရဲက ဆိုသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဩဂုတ်လကတည်းက လှတောရွာကို ဝင်ရောက်တပ်စွဲကာ ပတ်ဝန်းကျင်ကျေးရွာများကို စစ်ကြောင်းထိုးနေခြင်းဖြစ်သည်ဟု သိရသည်။​

ဇူလိုင် ၃ ကလည်း ဝက်လက်အရှေ့ခြမ်း မင်းကျေးရွာကို စီးနင်းနေသော စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးအဖွဲ့များ တိုက်ပွဲဖြစ်ရာ ရွှေဘိုခရိုင် PDF တပ်ရင်း ၁၇ မှ ၅ ဦး၊ ပကဖ အဖွဲ့ဝင် ၄ ဦးနှင့် အရပ်သား ၂ ဦး သေဆုံးခဲ့သည်။

ဇွန် ၉ ရက်က စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ပိုင်းတွင် ချောင်းမီးတိုကျေးရွာကို မီးရှို့နေသော စစ်တပ်နှင့် တိုက်ပွဲဖြစ်ပြီး ရွှေဘိုခရိုင် PDF တပ်ရင်း ၂၃ ခေါင်းဆောင် ဗိုလ်သံမဏိဆိုသူအပါအဝင် ၃ ဦး သေဆုံးခဲ့သည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဧပြီလအတွင်း ဒေသခံကာကွယ်ရေးအဖွဲ့များအားကောင်းသော ဝက်လက်မြို့နယ် အရှေ့ဘက် မြစ်ကမ်းဘေးကျေးရွာများကို မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နှင့် ထုံးကြီးမြို့မှ လာသော စစ်ကြောင်း ၂ ကြောင်းဖြင့် ဝင်ရောက်စီးနင်းခဲ့၍ အနည်းဆုံး ကျေးရွာ ၁၀ ရွာမှ ဒေသခံ ထောင်ချီ ထွက်ပြေးခဲ့ရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button