အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မင်းတုန်းမင်းကောင်းမှု သင်္ဂဇာကျောင်းတော် ထိန်းသိမ်းရန် လိုအပ်နေ

ခရစ်သက္ကရာဇ် ၁၈၆၁ ခုနှစ်တွင် မင်းတုန်းဘုရင်ဆောက်လုပ်လှူဒါန်းခဲ့သော မန္တလေးမြို့ရှိ သင်္ဂဇာသစ်သားကျောင်းတိုက်သည် နှစ်ပေါင်း ၁၅၀ ကျော်လာပြီဖြစ်သည့်အတွက် ပြုပြင်ထိန်းသိမ်းရန် လိုအပ်နေကြောင်း သိရှိရသည်။

သင်္ဂဇာဆရာတော်သီတင်းသုံးခဲ့သော ထိုကျောင်းတိုက်သည် ကျွန်းတိုင်ကြီးများဖြင့် ဆောက်လုပ်ထားပြီး၊ ရှေးဟောင်း ပန်းပုလက်ရာများ အထင်အရှား ဆက်လက်ကျန်ရှိနေဆဲဖြစ်သည်။

ကျောင်းတိုက်အတွင်း ရှေးဟောင်းကျွန်းသေတ္တာအချို၊ ရှေးဟောင်းဘုရားဆင်းတုတော်များ ကျန်နေဆဲဖြစ်ပြီး မသမာသူ ရှေးဟောင်းပစ္စည်းခိုးယူသူများ၏ ဒဏ်ကိုခံခဲ့ရကြောင်း လက်ရှိကျောင်းတိုက်ဆရာတော် ဦးဝိသုန္ဓဇယက မိန့်ကြားသည်။

ဒုတိယကမ္ဘာစစ်အတွင်း ကျောင်းတိုက်အား ဗုံးဆန်ထိမှန်သဖြင့် ကျောင်းတိုက်၏ စာကြည့်တိုက်မှာ ပြိုကျပျက်စီးခဲ့သော်လည်း စာကြည့်တိုက်အဆောက်အအုံ၏ တစ်စိတ်တစ်ပိုင်းမှာ ယနေ့ထိ ချုံနွယ်ပိတ်ပေါင်းများကြားတွင် တွေ.မြင်ရဆဲဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button