အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်ကောင်စီက AA တပ်ဖွဲ့ဝင်တချို့ကို ကိုဗစ်ကာကွယ်ဆေး ထိုးပေး

စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား သဘောတူညီချက် ရယူပြီး ကိုဗစ်နိုင်တင်းရောဂါ ကာကွယ်ဆေးများကို ယူနီဖောင်းဝတ် AA တပ်ဖွဲ့ဝင်များအား ဇန်နဝါရီ ၁၉ မှစ၍ စစ်ကောင်စီ၏ ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးနေသည်။ 

ရခိုင်မြောက်ပိုင်း ၅ မြို့နယ်အတွင်းမှ AA တပ်ဖွဲ့ဝင်များ၊ အရပ်သားများအပါအဝင် လူ ၅၀၀၀ ခန့်ကို အိန္ဒိယနိုင်ငံထုတ် ကိုဗစ်နိုင်တင်းကာကွယ်ဆေးတစ်မျိုးဖြစ်သည့် Covishield ထိုးနှံပေးနေခြင်း ဖြစ်သည်။ 

ပြည်သူများကို ပိုမို ဦးစားပေးသည်ဟု AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက သတင်းသမားများကို ယနေ့ ပြောသည်။ 

“ကျွန်တော်တို့ကတော့ ပြည်သူတွေကို အဓိကထားပြီးတော့ ထိုးပေးနေတာ ဖြစ်တယ်ဗျ။ ဆိုတော့ အဲဒီမှာ ပြည်သူတွေ သွားရေးလာရေးလွယ်ကူတဲ့နေရာတွေမှာ စုရပ်အဖြစ် ဖန်တီးသတ်မှတ်ပြီးတော့မှ ထိုးပေးနေတာ ဖြစ်ပါတယ်” ဟု ဦးခိုင်သုခက ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“စုရပ်နဲ့ နီးတဲ့နေရာမှာ ရှိတဲ့ ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေလည်းပဲ လာရောက်ပြီးတော့ ထိုးနေကြတာတော့ ရှိတယ်ဗျ” 

လက်ရှိ ရခိုင်မြောက်ပိုင်းက မြို့နယ်အချို့တွင် နှစ်ဖက်တပ် ထိပ်တိုက်တွေ့ဆုံပြီးနောက် စစ်ရေးအခြေအနေ တင်းမာမှုတချို့ ရှိနေလင့်ကစား စစ်ကောင်စီက AA တပ်ဖွဲ့ဝင်များကိုပါ ကာကွယ်ဆေး အခမဲ့ထိုးပေးနေခြင်း ဖြစ်သည်။

“မနေ့က ဇန်နဝါရီလ ၂၄ ရက်နေ့ ညနေအထိတော့ ဆေးထိုးပေးတဲ့ လူအကုန်လုံးက အားလုံး ၄၂၀၇ ယောက် ထိုးပြီးပြီဗျ။ ဒီနေ့ဆိုလို့ရှိရင်တော့ အားလုံးပေါင်းရင်တော့ ၅၀၀၀ နဲ့အထက်ထိ ဒါထိုးပြီးမှာပေါ့” ဟု ဦးခိုင်သုခက ပြောသည်။  

စစ်ကောင်စီအကူအညီဖြင့် ရရှိသည့် ကာကွယ်ဆေးကို မောင်တောမြို့နယ်မှ မွတ်စလင်အသိုင်းအဝိုင်းကို ဦးစားပေးထိုးနှံစေကြောင်း ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်စစ်ကောင်စီက ပြည်နယ်အတွက် ဒုတိယအသုတ်ခွဲတမ်းရရှိထားသည့် ကာကွယ်ဆေးကို AA တပ်ဖွဲ့ဝင်များ ထိုးနှံရန် ပြီးခဲ့သည့် စက်တင်ဘာအတွင်း ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။ 

ထိုစဉ်က တရုတ်နိုင်ငံထုတ် ဆိုင်နိုဖန်း (Sinopharm) ဆေး ထိုးပေးမည်ဟု ဆိုခဲ့ပြီး မည်သည့်နေရာတွင် အရေအတွက် မည်မျှလိုအပ်သည်ကို စစ်ကောင်စီဘက်က မေးမြန်းခဲ့သည်။ 

AA တပ်ဖွဲ့ဝင်အရေအတွက်နှင့် နယ်မြေစိုးမိုးထားမှုကို သိရှိနိုင်ရန် စစ်ကောင်စီက ကြိုးပမ်းခြင်းဖြစ်သည်ဟု ထိုစဉ်က ရခိုင်ဒေသခံများက ဝေဖန်ခဲ့ကြသည်။ 

စစ်ကောင်စီဘက်မှ ကာကွယ်ဆေး ပေးလာမည်ဆိုပါက ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မောင်တော စသည့် မြို့နယ် ၆ ခုမှ ပြည်သူများကို ဦးစားပေးထိုးရန် စဉ်းစားနေသည်ဟု ယမန်နှစ် စက်တင်ဘာ ၂၁ တွင် AA က ထုတ်ပြန်ခဲ့သည်။ 

ယင်းအပြင် စေတနာနှင့် ရည်ရွယ်ချက်ကို မကွဲပြားနိုင်သည့်အနေအထား၌ စစ်ရေး၊ လုံခြုံရေးဆိုင်ရာကို အလေးအနက် သတိထားချင့်ချိန်ကာ ဆက်လက်လုပ်ဆောင်သွားမည်ဟု AA ၏ ထိုထုတ်ပြန်ချက်တွင် ပါရှိခဲ့သည်။

လက်ရှိတွင် ဆေးထိုးပြီးသူအရေအတွက်မှာ ၅၀၀၀ ဝန်းကျင်ရှိသော်လည်း AA တပ်ဖွဲ့ဝင် မည်မျှပါဝင်သည်ကို မသိရှိရပေ။  

အိန္ဒိယနိုင်ငံ Serum Institute of India က ထုတ်လုပ်သော ထိုဆေးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်၌ ထိုးနှံရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။  

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button