ခင်ဦးမြို့
-
သတင်း
ရေဘေးသင့် ခင်ဦးမြို့နယ်တွင် ကလေး ၁၀၀ နီးပါး ဖျားနာ၊ ဝမ်းပျက်နေ
ရုတ်တရက်ရေကြီးမှုကြောင့် ကောက်စိုက်သမ ခြောက်ဦး ရေနစ် သေဆုံးသည်အထိ ရေဘေးသင့်ခဲ့သော စစ်ကိုင်းတိုင်းတွင် ဒေသခံတို့ ကျန်းမာရေးအခက်အခဲနှင့် ရင်ဆိုင်နေရသည်။
-
သတင်း
ခင်ဦးမြို့နယ် ကျေးလက်ဒေသ ဗုံးကြဲခံရ၊ နွားကျောင်းသား ၁ ဦး သေဆုံး
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ကို စစ်လေယာဉ် သွားရောက် ဗုံးကြဲရာ ဒေသခံ တစ်ဦးသေဆုံး၊ တစ်ဦး ဒဏ်ရာရသွားသည်။ လုပ်ငန်းသုံး နွားသုံးကောင်လည်း ထိခိုက်သေဆုံးသည်။
-
သတင်း
အိမ်များ မီးလောင်သဖြင့် ခင်ဦးမြို့မှ စစ်ကောင်စီစခန်းတစ်ခု နေရာပြောင်း
စစ်ကိုင်းတိုင်းအတွင်း လေတပ်ကြောင့် အကာအကွယ်မဲ့သွားသော စစ်ကောင်စီစခန်းကြီးတစ်ခု နေရာရွှေ့သွားသည်၊ မိုင်းထောင်ခဲ့သဖြင့် တော်လှန်ရေးသမား ၂ ဦး ထိခိုက်သွားသည်။
-
သတင်း
ခင်ဦးမြို့နယ်တွင် ကင်းစခန်း စီးခံရပြီး ရွာကာကွယ်ရေးအဖွဲ့ဝင် ၃ ဦး အသတ်ခံရ
အနီးဝန်းကျင်မြို့နယ်များမှ စစ်ကောင်စီစစ်ကြောင်းများ မကြာခဏ ဝင်ရောက်စီးနင်းမီးရှို့ခံထားရသော ခင်ဦးနယ်တွင် စစ်တပ်နှင့်ပျူစောထီးများက ကျေးရွာကင်းစခန်းတစ်ခုကို စီးနင်း၍ ကာကွယ်ရေးအဖွဲ့ဝင် ရွာသားလူငယ် ၃ ဦးကို ဖမ်းဆီးသတ်ဖြတ်သွားသည်။
-
သတင်း
ခင်ဦးနယ်ရှိ စစ်စခန်းတိုက်ခိုက်ခံရအပြီး နေအိမ်များကို စစ်တပ်မီးလိုက်ရှို့
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း အခိုင်အမာတပ်စွဲထားသည့်စခန်း တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က ရွာများကို စက်တင်ဘာ ၂ တွင် စတင် စစ်ကြောင်းထိုးပြီး နေအိမ်များကို မီးရှို့နေကြောင်း သိရသည်။ မြို့ မြောက်ဘက် သုံးမိုင်ခန့်အကွာ၊ ရွှေဘို – မြစ်ကြီးနား…



