လောင်းလုံး
-
သတင်း
စိုက်ပျိုးရေးသိပ္ပံမှ ၇ ဦးကို ဖမ်းထားကြောင်း လောင်းလုံးပအဖအဖွဲ့ပြော
တနင်္သာရီတိုင်းအတွင်း ကျောင်းပိတ်ထားရန် ညွှန်ကြားချက် မလိုက်နာသူများကို ထိန်းသိမ်းထားသည်၊ စစ်ကောင်စီတပ်လှုပ်ရှားမှုရှိနေသဖြင့် ပြန်မလွှတ်နိုင်သေးဟု ပအဖအဖွဲ့က ဆိုသည်။
-
သတင်း
မဲစာရင်းအဖွဲ့ကို လောင်းလုံး PDF တိုက်ခိုက်၊ တစ်ဦးသေ တစ်ဦးဒဏ်ရာရ
မဲစာရင်းအကြောင်းပြ အာဏာသိမ်းသည့် စစ်ကောင်စီက ရွေးကောက်ပွဲလုပ်ရန် ပထမဆုံးခြေလှမ်းအဖြစ် လူဦးရေစာရင်း ကောက်ယူနေခြင်းကို တနင်္သာရီတိုင်းရှိ PDF က ဟန့်တားလိုက်သည်။
-
သတင်း
လောင်းလုံးတွင် စစ်တပ်က ဆိုင်ကယ်စီးလူငယ် ၂ ဦးကို ပစ်သတ်
တနင်္သာရီတိုင်းအတွင်း စစ်တပ်က ၁၄ နှစ်သားနှင့် အခြားလူငယ် ၁ ဦးကို နေ့ခင်းဘက် လမ်းပေါ်တွင် ပစ်သတ်လိုက်သည်၊ ထိုလုပ်ရပ်နှင့် ပတ်သက်ပြီး စစ်တပ်က သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
-
သတင်း
မောင်းမကန်ကမ်းခြေအနီး အရပ်သားလေးဦးကို ပျူနှင့်စစ်တပ်က ဖမ်းဆီးသတ်ဖြတ်
လောင်းလုံးမြို့မြောက်ဘက် မိုင် ၂၀ ခန့်အကွာ ကျောက်ဆင်ရွာမှ မိသားစုဝင် သုံးဦးနှင့် အခြားသူတစ်ဦးကို စစ်သားများနှင့် ပျူစောထီးများက ပစ်သတ်ခြင်းဖြစ်သည်ဟု ဒေသခံတို့က ဆိုသည်။
-
သတင်း
လောင်းလုံးတွင် စစ်တပ်နှင့်ပျူက နေအိမ်စီးနင်းပြီး အုပ်ကြီးဟောင်း၏ဇနီးကို ပစ်ခတ်
လောင်းလုံးမြို့ တောင်ဘက်နှင့် မြောက်ဘက်ရှိ ကျေးရွာ ၂ ရွာကို ဝင်ရောက် စီးနင်း လုယက်ခဲ့ပြီးနောက် အုပ်ကြီးဟောင်း၏ ဇနီးကိုလည်း သေနတ်ဖြင့် ဦးခေါင်းကို ပစ်ခတ်ခဲ့၍ ဒဏ်ရာပြင်းထန်သောကြောင့် ဆေးကုသနေရသည်ဟု ဆိုသည်။