ကသာ
-
သတင်း
စစ်ကိုင်းတိုင်း ကသာတွင် တိုက်ပွဲဆက်၊ စစ်ကောင်စီတပ်အထိနာဟု PDF ပြော
ကသာမြို့နယ်တွင် တစ်ရက်အတွင်း အနည်းဆုံး ၄ ကြိမ်ခန့် စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေးအဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သေဆုံးမှုများပြားသည်ဟု ကသာ PDF ဘက်က ဆိုသည်
-
သတင်း
ကချင်ပြည်နယ်အစပ် ကသာနယ်တွင် တစ်ရက်တည်း တိုက်ပွဲနှစ်နေရာဖြစ်
မြို့နှင့် မိုင် ၂၀ အကွာတွင် PDF ကို စစ်ကောင်စီက လာတိုက်သလို ကသာ - အင်းတော် လမ်းပိုင်းတွင် စစ်တပ်ကို ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း PDF ဘက်က ပြောသည်။
-
သတင်း
ကသာတွင် စစ်ကောင်စီ သင်္ဘော ၃ စီး ရှော့တိုက်ဒုံးဖြင့် ပစ်ခံရ
ဧရာဝတီမြစ်ကမ်း နှစ်ဖက်မှ ညှပ်၍ ရှော့တိုက်ဒုံး ၁၀ လုံးဖြင့် ပစ်သည်ဟု ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ဘက်က ပြောသည်။
-
သတင်း
စစ်တပ်ကြောင့် ကသာမှ ကိုရင် ၇ ပါး ဒဏ်ရာရ၊ ဘုန်းကြီးကျောင်းနှင့် ဗလီပျက်စီး
တစ်ရွာတွင် ဗလီနှင့် လူနေအိမ်များမီးရှို့သည့် စစ်တပ်က တစ်မိုင်အကွာရှိ အခြားရွာသို့ စိန်ပြောင်းဖြင့် ပစ်ရာ ဆွမ်းစားဆောင်ပေါ်ကျ၍ ကိုရင့်မယ်တော်သေသည်ဟု PDF က ပြောသည်။
-
သတင်း
ကသာမြို့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၁၂ ဦးသေဆုံးဟု PDF ပြော
စစ်ကောင်စီ၏ အခြေစိုက်တပ်စခန်းများရှိသည့် စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်တွင် PDF နှင့် တိုက်ပွဲပြင်းထန်နေသည်။