မီးရှို့ဖျက်ဆီးမှု
-
သတင်း
ဒီပဲယင်း ကိုင်းကံရွာကို စစ်တပ် မီးရှို့၊ ၈ ဦးထက်မနည်းကို သတ်ဖြတ်
ရခိုင်အခြေစိုက် စစ်တပ်က ရဟတ်ယာဉ်ဖြင့် ရောက်လာပြီး ရွာကို မီးရှို့ကြောင်း၊ စစ်ကြောင်းချီစဉ် တုံ့ပြန်တိုက်ခိုက်မှု မခံရစေရန် ရွာသားများကို ဓားစာခံအဖြစ် ဖမ်းခေါ်ထားကြောင်း သိရသည်။
-
သတင်း
ဒီပဲယင်းမြို့ ဘုရားထွက်ရွာကို စစ်တပ်မီးရှို့၊ ၁၄ ဦးကို ဓားစာခံလုပ်ထား
စစ်သား ၈၀ ခန့်က စစ်ကိုင်းတိုင်းရှိ ရွာတစ်ရွာကို ဖျက်ဆီးပြီး အများအပြားကို ဓားစာခံအဖြစ် ဖမ်းထားသည်၊ နှိပ်စက်ခံရသည့် ဓားစာခံများထဲမှ ၁ ဦး အသက်အန္တရာယ်ရှိနေသည်ဟု သိရသည်။
-
သတင်း
မြိုင်မြို့နယ် ကျောက်ဆောက်ရွာတွင် စစ်တပ်က မီးရှို့
မကွေးတိုင်း တိုက်ပွဲအတွင်း အဖမ်းခံရသည့် PDF နှစ်ဦးကို စစ်တပ်က ထိုနေရာတွင်ပင် သတ်ဖြတ်ခဲ့ကြောင်း၊ နေအိမ်တချို့ကို မီးရှို့ကြောင်း သိရသည်။ စစ်တပ်က သတင်းထုတ်ပြန်ခြင်း မရှိပေ။
-
သတင်း
စစ်တပ်မီးရှို့သွားသော ပခုက္ကူ ၆ ရွာ နေရေးစားရေး ခက်ခဲနေ
မကွေးတိုင်းတွင် သုံးလအတွင်း အိမ်ခြေ ၄၀၀ ကျော် မီးရှို့ဖျက်ဆီးခံရပြီး အိုးမဲ့အိမ်မဲ့ဖြစ်သွားသော ဒေသခံ ၇၀၀၀ ကျော်မှာ စစ်ကောင်စီတပ်ရန်မှ ဆက်လက် တိမ်းရှောင်နေရသည်။
-
သတင်း
ပခုက္ကူမှ ရွာ နှစ်ရွာကို စစ်ကောင်စီ မီးရှို့၊ အိမ်ခြေ ၁၀၀ ဝန်းကျင် မီးလောင်ပြာကျ
တပ်ကြပ်တစ်ဦး အဖမ်းခံရသည့်ရွာနှင့် ကပ်လျက်ရှိသောရွာကို စစ်တပ်နှင့် ပျူစောထီး ရောက်ရှိလာပြီး မီးရှို့ခဲ့ခြင်း ဖြစ်ကြောင်း မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှ သတင်းရင်းမြစ်များက ပြောသည်