စစ်တပ်
-
ရုပ်သံသတင်း
စစ်တပ် အင်အားဖြည့်ပြီးနောက် ကချင်မှာ စစ်ရေးအရှိန်မြင့်လာနိုင်
ကချင်ပြည်နယ်ထဲကို စစ်တပ်ဘက်က မြေပြင်အင်အား အများအပြား ထပ်မံဖြည့်တင်းလာပြီးနောက် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ထွက်ပေါ်နေပါတယ်။ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မြေပြင်လမ်းကြောင်းကနေ မြစ်ကြီးနားအထိ စစ်အင်အားဖြည့်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
-
သတင်း
စစ်ကိုင်းတိုင်းအတွင်း စစ်ရေးဖိအားတိုးလာနေချိန် စိုင်ပြင်ရဲစခန်းကို တော်လှန်ရေးတပ်များသိမ်းပိုက်
စစ်ခေါင်းဆောင်သည် ကိုယ့်ကိုယ်ကိုယ် သမ္မတရာထူးခန့်အပ်ပြီးနောက် စစ်ကိုင်းတိုင်းအတွင်း လက်လွှတ်ခဲ့ရ သည့် နယ်မြေများ ပြန်လည်ရယူရန် စစ်ရေးအရှိန်မြှင့်ထိုးစစ်ဆင်နေချိန်တွင် နမခနှင့် အနီးရှိ ရဲစခန်းတစ်ခုကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
-
မေးမြန်းခန်း
“လက်နက်ကိုင်အဖွဲ့တွေဟာ အနားသတ်စည်းဖြစ်တဲ့ စည်းမျဉ်းဥပဒေတွေကိုမကျော်ဖို့ လိုပါတယ်” – ဦးမောင်မောင် (လက်ထောက်စစ်ဥပဒေချုပ်၊ NUG စစ်ဥပဒေချုပ်ရုံး)
အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်တော်လှန်ရန် စုဖွဲ့ထားသည့် အစုအဖွဲ့ထဲရှိ လက်နက်ကိုင်များအား ဥပဒေအရ ထိန်းကျောင်းရန်၊ လူထုအတွက်နှင့်တရားမျှတမှုများဖြစ်ပေါ်စေရန် တတ်ကျွမ်းထားသည့် ဥပဒေပညာဖြင့် ကူညီပေးနေသူ ရှေ့နေအမျိုးသားတစ်ဦး ရှိနေသည်။
-
ဆောင်းပါး
ယာခင်းထဲမှ ပျောက်ဆုံးသွားသော ရယ်မောသံများ(သို့မဟုတ်) ငါန်းဇွန်နယ် ဒေသခံ ၁ ဦး၏ စစ်ရှောင်ခရီးကြမ်း
ဇာတိရပ်ရွာ စွန့်ခွာထွက်ပြေးလာရသော မန္တလေးတိုင်းဒေသခံများ၏ ဘဝသည် စစ်တပ်၏ လေကြောင်းနှင့် မြေပြင်ထိုးစစ်များကြောင့် ထင်သလောက် မလွယ်ကူသော်လည်း တော်လှန်ရေး အောင်မြင်ရေးကိုမူ စိတ်မလျှော့ဟု ဆိုကြသည်။
-
သတင်း
စစ်တပ်အုပ်ချုပ်ရေး ပြန်စရန် ပြင်နေသည့် စစ်ကိုင်းအထက်ပိုင်းတွင် စစ်ယာဉ်တန်းကို AA နှင့် ပူးပေါင်းတပ်များ တိုက်ခိုက်
စစ်တပ်က အုပ်ချုပ်ရေးပြန်စရန် ကြိုးပမ်းနေသော စစ်ကိုင်းတိုင်းအထက်ပိုင်းတွင် စစ်တပ်ယာဉ်တန်း တစ်ခုကို AA နှင့် ပူးပေါင်းတပ်များ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကားနှစ်စီး မီးလောင်ကာ လက်နက် ခဲယမ်းများရခဲ့သည်။



