ရခိုင်ပြည်နယ်
-
သတင်း
နယ်စပ်ကုန်သွယ်ရေးမြို့ မောင်တောကို သိမ်းရန် AA ထိုးစစ်အရှိန်မြှင့်
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ထိန်းချုပ်နိုင်ရေးအတွက် အရေးပါသော ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့ကို သိမ်းနိုင်ရေး ယခုလ ၄ ရက်စတင်ပြီး အရှိန်မြှင့်ထိုးစစ်ဆင်ကာ မြို့သိမ်းတိုက်ပွဲ စတင်နေပြီဟု အာရက္ခတပ်တော် (AA) က ယမန်နေ့ (သြ ဂုတ် ၁၈) တွင်…
-
သတင်း
ရခိုင်တောင်ပိုင်း ကျိန္တလီမြို့ကို သိမ်းနိုင်ရေး AA ကြိုးပမ်း
ရခိုင်ပြည်နယ်တောင်ပိုင်း ဂွမြို့နယ်၊ ကျိန္တလီမြို့သိမ်းပိုက်နိုင်ရေး အာရက္ခတပ်တော် (AA) က ယမန်နေ့ (သြဂုတ် ၁၂ ) ကစပြီး စစ်စခန်းများကို ထိုးစစ်ဆင်နေရာ တိုက်ပွဲပြင်းထန်လျက်ရှိသည်ဟု ဒေသခံများထံမှ သိရသည်။ ဂွနှင့် သံတွဲကြားရှိ ကျိန္တလီမြို့ကို သိမ်းနိုင်ရေးအတွက်…
-
သတင်း
မောင်တောတွင် AA ဆက်လက် စစ်ဆင်၊ စစ်တပ်က ARSA, RSO နှင့် ပူးပေါင်းခုခံ
ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ထိစပ်နေသည့် ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်အတွင်းရှိ စစ်ခန်းများကို အာရက္ခတပ်တော် (AA) က ၃ လ ကြာ ဆက်လက် တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းအားပြုပြီး အပြင်းအထန် ပြန်လည်ခုခံနေသည် သိရသည်။ သြဂုတ်လ ၄…
-
သတင်း
ရခိုင် ၃ မြို့နယ် ရေကြီးမှုတွင် လယ်ဧက ထောင်ချီပျက်စီး
AA ထိန်းချုပ်ထားသည့် မြို့နယ်တချို့တွင် ရေကြီးမှုကြောင့် စပါးစိုက်ဧက ထောင်နှင့်ချီ ပျက်စီးသွားရာ ဆန်ရှားပါးမှုဒဏ် ရှောင်လွှဲနိုင်ရေးအတွက် အစီအစဉ်များ ရှိသင့်သည်ဟု ဒေသခံတချို့က ပြောသည်။
-
သတင်း
သံတွဲတွင် အရပ်ဘက်သုံး ရေယာဉ်သွားလာမှုကို AA ပိတ်ပင်
ရခိုင်ပြည်နယ်တွင် ကပ်လျက် တည်ရှိသည့် ပင်လယ်ကမ်းရိုးတန်းမြို့များဖြစ်သော သံတွဲနှင့် ဂွမြို့နယ်တို့တွင် မော်တော်ဘုတ်များ၊ လောင်းလှေများ သွားလာခြင်းကို ပိတ်ပင်လိုက်ကြောင်း အာရက္ခတပ်တော် (AA) က သြဂုတ် ၁ ရက်နေ့တွင် ကြေညာလိုက်ပြီး ထိုသို့ ပိတ်ပင်ခြင်းမှာ စစ်ကောင်စီတပ်၏ ထောက်ပို့လုပ်ငန်းကို…



