ရခိုင်ပြည်နယ်
-
သတင်း
သံတွဲ-တောင်ကုတ်လမ်း ခရီးသည်တင်ကား ပစ်ခတ်ခံရ၊ ယာဉ်မောင်းသေဆုံး
ဧပြီ ၂၂ ရက်နေ့ နေ့လယ်ပိုင်းက ရခိုင်ပြည်နယ် သံတွဲမြို့တွင် ခရီးသည်တင်ကားတစ်စီးကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့သည့်အတွက် ယာဉ်မောင်းဖြစ်သူ နေရာတွင်ပင်သေဆုံးသွားခဲ့သည်။
-
သတင်း
ဘူးသီးတောင်ကို လက်မလွှတ်ရရန် စစ်ကောင်စီက ရိုဟင်ဂျာများကို အသုံးချ
စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့စစ်သင်တန်းပေးထားသည့် ရိုဟင်ဂျာတပ်သားသစ်များသည် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်မြို့နယ်အတွင်းမှ လူနေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများက စွပ်စွဲလိုက်ပြီး ယင်းဒေသမှ ရခိုင်မျိုးနွယ်စုများနှင့် ဟိန္ဒူဘာသာဝင်များ ဘေးလွတ်ရာသို့ ထွက်ပြေးနေကြရသည်ဟု ဆိုသည်။ ဘူးသီးတောင်မြို့ပေါ်မှ အမှတ် ၃၊ ၄၊ ၅၊ ၇ ရပ်ကွက်များနှင့်…
-
သတင်း
စစ်တွေမှ စစ်ရှောင်များ ပစ်ခတ်ဖမ်းဆီးခံရစဉ် မိုင်းနင်းမိကြပြီး ၄ ဦးသေဆုံး
မြို့တွင်းတိုက်ပွဲ အချိန်မရွေးဖြစ်ပွားလာနိုင်သည့် ရခိုင်ပြည်နယ် မြို့တော်စစ်တွေတွင် စစ်ဘေးရှောင်ရန် ကြိုးစားနေသော ဒေသခံ ၁၂၀ ခန့်သည် စစ်ကောင်စီတပ်က ပစ်ခတ်သဖြင့် ထွက်ပြေးကြစဉ် မိုင်းနင်းမိကြသဖြင့် ၄ ဦး သေဆုံးကာ ကလေးများအပါအဝင် ဒေသခံ ၄၀ ခန့် ဖမ်းဆီးခံရသည်ဟု သိရသည်။ ဧပြီ ၂၀ ရက်၊…
-
သတင်း
စစ်တွေတွင် နိုင်ကျဉ်း ၁၀ ဦး ပြန်လွတ်၊ ရခိုင်အမျိုးသမီးကွန်ရက်ဥက္ကဋ္ဌ ပါဝင်
ရခိုင်ပြည်နယ်၊ စစ်တွေအကျဉ်းထောင်မှ ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေး အပါအဝင် နိုင်ကျဉ်း ၁၀ ဦး ဧပြီ ၁၇ ရက်တွင် လွတ်မြောက်လာကြောင်း သိရသည်။ ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ထောင်ချခံထားရသူများ…
-
သတင်း
သံတွဲနှင့် မောင်တောတွင် စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံး
ယမန်နေ့ (ဧပြီ ၁၅) တစ်ရက်အတွင်း ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့နယ်တွင် စစ်ကောင်စီ လေတပ်နှင့် ရေတပ်က အပြင်းအထန် တိုက်ခိုက်ခဲ့သလို ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်တွင်လည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲ၍ တစ်ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရခဲ့သည်။ မွန်းတည့် ၁၂…



