မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်
-
သတင်း
ဦးပိုင်ကို ရှယ်ယာအားလုံးရောင်းမည်ဟု ဂျပန် Kirin ဘီယာကုမ္ပဏီ ထုတ်ပြန်
တရားရုံးရောက်သည်အထိ အငြင်းပွားမှုဖြစ်ပြီးနောက် စစ်တပ်နှင့် အကျိုးတူပူးပေါင်းလုပ်ကိုင်နေသော ဂျပန်ဘီယာကုမ္ပဏီက ကျပ် ၃၂၄ ဘီလျံတန်ဖိုးရှိ အစုရှယ်ယာများကို ရောင်းချကာ မြန်မာနိုင်ငံမှ ထွက်ခွာတော့မည်ဖြစ်ကြောင်း ယနေ့ ထုတ်ပြန်သည်။
-
သတင်း
စစ်တပ်က ဦးပိုင်ရှယ်ယာအမြတ်ငွေများ ပြန်ထုတ်ပေးနေ
ဘဏ္ဍာနှစ်ကုန်ပြီး လအနည်းငယ်အတွင်း ထုတ်ပေးလေ့ရှိသည့် အမြတ်ငွေများကို ယခုအခါ ကိုးလခန့် ကြန့်ကြာသွားသည့်အတွက် အောက်ခြေစစ်သည်များ များစွာနစ်နာသည်ဟု တပ်ပိုင်စီးပွားရေးအုပ်စု၏ ဒါရိုက်တာအဖွဲ့ဝင်ဟောင်းတစ်ဦးက ဆိုသည်
-
သတင်း
စစ်သည်ချွေးနှဲစာ ထည့်ဝင်ရသည့် ဦးပိုင်အမြတ်ငွေ ခွဲမပေးနိုင်ဟု စစ်ကောင်စီ ဝန်ခံ
စစ်သားတိုင်း လစာထဲမှ ခုနှိမ်ကာ မဖြစ်မနေထည့်ရသည့် စစ်တပ်ပိုင်လုပ်ငန်း ဦးပိုင်၏ နှစ်စဉ်အမြတ်ငွေ အောက်ခြေသို့ ခွဲဝေမပေးသည်မှာ ပုံမှန်ရသည့် ကာလထက် ၇ လကျော် ရှိလာသည်။
-
သတင်း
တပ်မိသားစုကို ဦးပိုင် အမြတ်ငွေ ခွဲမပေးနိုင်သည်မှာ ၆ လနီးပါးရှိလာ
ချို့တဲ့သည့် အောက်ခြေစစ်သည်နှင့် အငြိမ်းစားများမှာ နှစ်စဉ် ကျပ်သိန်းဂဏန်း ပြန်ရလေ့ရှိသည့် အမြတ်ငွေမရ၍ မကျေမနပ်ဖြစ်နေသည်ဟု စစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်များထံမှ သိရသည်။
-
သတင်း
စစ်တပ်နှင့် အငြင်းပွားနေသည့် ဂျပန်ကုမ္ပဏီ မြန်မာနိုင်ငံမှထွက်ခွာရန် ဆုံးဖြတ်
စစ်တပ်နှင့် စီးပွားရေး ဖက်စပ်လုပ်ကိုင်ခြင်းကို ရပ်တန့်မည်ဖြစ်ကြောင်း အာဏာသိမ်းပြီး လေးရက်ကတည်းက ထုတ်ပြန်ခဲ့သည့် ကီရင်ဘီယာကုမ္ပဏီမှာ မြန်မာနိုင်ငံမှ ထွက်ခွာသည့် ပထမဆုံး ဂျပန်ကုမ္ပဏီ ဖြစ်လာသည်။