ကချင်
-
သတင်း
စစ်ကိုင်းနှင့် ကချင်နယ်စပ် လေကြောင်းတိုက်ခိုက်မှုတွင် ၈ ဦးထက်မနည်းသေဆုံး
အင်းတော်မြို့နယ်ရှိ ကုန်တင်ကားတန်းများ ရပ်နားနေရာနှင့် ကောလင်းမြို့နယ်အရှေ့ခြမ်း စစ်ရှောင်များ နေထိုင်သည့်နေရာတို့ကို လေကြောင်းမှ နှစ်ရက်ဆက် ဗုံးကြဲ ပစ်ခတ်ခဲ့စဉ် အရပ်သားထိခိုက်သေဆုံးမှုများ ပေါ်ပေါက်ခဲ့သည်။
-
သတင်း
တကောင်းနီကယ်စက်ရုံအနီး စစ်ရေယာဉ်များ ရပ်ထားပြီး ကချင်သို့ ဆက်တက်နိုင်ခြေရှိ
ထီးချိုင့် မြို့နယ် တကောင်းနီကယ်စက်ရုံအနီး ရပ်တန့်ထားသည့် ရေယာဉ်များမှာ နီကယ်သတ္တုများကို သယ်ယူရန်နှင့် ရေယာဉ်အချို့မှာ ကချင်ပြည်နယ်ဘက်သို့ စစ်ကူပို့ရန် ဆန်တက်နိုင်ကြောင်း မြစ်ကြောင်းတလျှောက် တော်လှန်ရေးအင်အားစုများက ယူဆထားသည်။
-
သတင်း
ရွှေကူမြို့ရောက် စစ်ရေယာဉ်အုပ်စုကို လုံခြုံရေးပေးမည့်စစ်စခန်း ပြန်ရရှိရေး ဝေဟင်၊ မြေပြင် ထိုးစစ်ဆင်နေ
ဧရာဝတီမြစ်အတိုင်း ဆန်တက်လာသည့် စစ်တပ်၏ စစ်သင်္ဘောအုပ်စုမှာ ရွှေကူမှတဆင့် ဗန်းမော်မြို့သို့ ဆန်တက်ရန် ကြိုးပမ်းနေရာ ထိုလမ်းပိုင်းရှိ စစ်ရေးရအရ အရေးပါသော စစ်အခြေစိုက်စခန်းကို KIA က ထိန်းချုပ်လိုက်သဖြင့် လေယာဉ်၊ မြေပြင်စစ်ကြောင်းဖြင့် အပြင်းအထန် တိုက်ခိုက်နေသည်။
-
သတင်း
စစ်တပ်က ရေကြောင်းမှ အင်အားဖြည့်ရန်ကြိုးစားနေသည့် ရွှေကူမြို့တွင် တိုက်ပွဲများ ပြင်းထန်နေ
ကချင်ပြည်နယ် ရွှေကူနှင့် ဗန်းမော်မြို့တို့ကို စစ်အင်အား၊ ခဲယမ်းနှင့် ရိက္ခာများပို့ရန် စစ်တပ်က မန္တလေးမြို့မှ ဧရာဝတီမြစ်ကြောင်းအတိုင်း ဩဂုတ်လ ၂၁ ရက်မှစတင်၍ ဆန်တက်လာသည့် သင်္ဘော ၁၄ စီးကို တော်လှန်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်နေသလို ရွှေကူမြို့အနီးတွင်လည်း တိုက်ပွဲများ…
-
သတင်း
KIA ကိုလက်တုံ့ပြန်သည့်အနေဖြင့် အရပ်သား ၄ ဦးကို ဝါရာဇွပ်ပြည်သူ့စစ် သတ်ဖြတ်ဟု ဒေသခံများဆို
KIA နှင့် PDF များသည် ၎င်းတို့၏ရန်သူများဟု ကြေညာထားသည့် ဖားကန့်အခြေစိုက် ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့က ပြီးခဲ့သည့် တနင်္ဂနွေနေ့ (ဩဂုတ်လ ၉ ရက်)တွင် ကချင်လူငယ် လေးဦးကို ဖမ်းဆီးသတ်ဖြတ်လိုက်သည်ဟု ဒေသခံများနှင့် KIA ထောက်လှမ်းရေးတို့ကဆိုသည်။



