ရုပ်သံ
-
စစ်ပွဲကြားက အသက်ကယ် ဆက်သွယ်ရေး
စစ်ကိုင်းနဲ့ မကွေးတိုင်း အပါအဝင် အညာဒေသတချို့မှာ အင်တာနက်နဲ့ ဖုန်းလိုင်းတွေ လနဲ့ချီ ဖြတ်တောက်ခံထားရချိန်၊ ဒေသခံတွေဟာ “အိုင်ကွန်” လို့ ခေါ်တဲ့ စကားပြောစက်တွေကို အသက်ကယ် ဆက်သွယ်ရေးအဖြစ် အားထားလာကြပါတယ်။
-
ဥရောပနိုင်ငံအချို့မှာ လူသေဆုံးသည်အထိ စံချိန်တင် အပူလှိုင်း ကျရောက်နေ
ဥရောပအနောက်ပိုင်း နိုင်ငံတွေမှာ လက်ရှိ နွေဦးရာသီ မကုန်သေးခင်ကတည်းက စံချိန်တင် အပူချိန်တွေ ဖြစ်ပေါ်နေပြီး လူသေဆုံးမှုအချို့ ရှိနေပါတယ်။
-
၃ နှစ်ကြာသက်တမ်းရှိ KNU နဲ့ PDF ပူးတွဲ စစ်သုံ့ပန်းထိန်းသိမ်းရေးစခန်း
အာဏာသိမ်းစစ်တပ်ရဲ့ ဗိုလ်မှူးကြီးအဆင့်အထိပါဝင်တဲ့ စစ်သုံ့ပန်း၂၀၀ ဝန်းကျင်ကို KNU နဲ့ PDF တို့က တောတွင်းစခန်းတစ်ခုမှာ ပူးပေါင်းထိန်းသိမ်းထားတာ သုံးနှစ်ကြာ သက်တမ်းရှိခဲ့ပါပြီ။
-
ဂုဏ်ပြုခံထိုက်တဲ့ တော်လှန်ရေးက တစ်ဖဝါးမှ မခွာသူ
၁၉၈၈ လူထုအရေးတော်ပုံကာလ ရန်ကုန်လမ်းမတွေရဲ့ ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေမှာ ကျောင်းသားခေါင်းဆောင်တယောက်အဖြစ် လူသိများတဲ့ ဦးမင်းကိုနိုင်ဟာ မြန်မာနိုင်ငံအတွင်း တော်လှန်ရေးနယ်မြေတနေရာမှာ ရှိနေပါတယ်။
-
လာအိုမှာ လိုဏ်ဂူထဲ ပိတ်မိသူ ၇ ဦးကို ထိုင်းကယ်ဆယ်ရေးအဖွဲ့ ကယ်တင်နေ
လာအိုနိုင်ငံအလယ်ပိုင်း ဆိုင်စုံဘွန်း (Xaysomboun) ပြည်နယ်ထဲက လိုဏ်ဂူကြီးတစ်ခုအတွင်းမှာ ပိတ်မိနေတဲ့ ရွှေတူးသမား ၇ ဦးဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေကစပြီး ပိတ်မိနေခဲ့ကြပါတယ်။ သူတို့ ဂူထဲကို ဝင်ပြီးသွားတဲ့နောက်မှာ ရေကြီးလို့ မြေပြိုပြီး ပိတ်မိနေခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့ကို…



