အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

လာအိုမှာ လိုဏ်ဂူထဲ ပိတ်မိသူ ၇ ဦးကို ထိုင်းကယ်ဆယ်ရေးအဖွဲ့ ကယ်တင်နေ

လာအိုနိုင်ငံအလယ်ပိုင်း ဆိုင်စုံဘွန်း (Xaysomboun) ပြည်နယ်ထဲက လိုဏ်ဂူကြီးတစ်ခုအတွင်းမှာ ပိတ်မိနေတဲ့ ရွှေတူးသမား ၇ ဦးဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေကစပြီး ပိတ်မိနေခဲ့ကြပါတယ်။

သူတို့ ဂူထဲကို ဝင်ပြီးသွားတဲ့နောက်မှာ ရေကြီးလို့ မြေပြိုပြီး ပိတ်မိနေခဲ့ကြတာ ဖြစ်ပါတယ်။

သူတို့ကို အခုသွားရောက် ကယ်ဆယ်နေသူတွေထဲမှာ ၂၀၁၈ ခုနှစ်တုန်းက ထိုင်းနိုင်ငံ၊ ချင်းရိုင်ပြည်နယ်က “ထန်လွန်း (Tham Luang)”   လိုဏ်ဂူထဲမှာ ရက်အတော်ကြာ ပိတ်မိခဲ့တဲ့ “တောဝက်ဘောလုံးအသင်း” က ကလေးတွေကို ကယ်တင်ခဲ့တဲ့ ကယ်ဆယ်ရေးသမားတွေလည်း ပူးပေါင်း ပါဝင်နေပါတယ်။

သူတို့ဟာ အဲဒီတုန်းက ဂူထဲမှာ   ရက်သတ္တပတ် နှစ်ပတ်ကျော်ကြာ ပိတ်မိနေခဲ့တဲ့ လူငယ်ဘောလုံးသမား ၁၂ ယောက်နဲ့ သူတို့ရဲ့ နည်းပြကို ဘေးကင်းစွာနဲ့  ကယ်ထုတ်နိုင်ခဲ့တဲ့သူတွေ ဖြစ်ပါတယ်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles