ရွေးကောက်ပွဲ
-
ပန်းဘဲတန်းမြို့နယ်တွင် NLD အမတ်လောင်း စည်သူမောင် မဲအပြတ်အသတ်ဖြင့် အနိုင်ရ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကိုယ်စားပြုကာ ပန်းဘဲတန်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ကိုစည်သူမောင်မှာ မဲရေတွက်ပြီးချိန်တွင် ခိုင်လုံမဲ တစ်သောင်းကျော်ဖြင့် အနိုင်ရရှိခဲ့သည်
-
ရွေးကောက်ပွဲရလဒ်ကို လက်ခံမည်ဟု တပ်ချုပ်ပြော
ရွေးကောက်ပွဲကျင်းပရန် ရက်ပိုင်းအလိုတွင် အာဏာရ NLD အစိုးရနှင့် တပ်မတော်ကြား သတင်းထားတင်မာမှုများရှိခဲ့ရာ ရွေးကောက်ပွဲနှင့် ပတ်သက်၍ သတိပေးပြောကြားမှုများ ရှိခဲ့သော်လည်း ရွေးကောက်ပွဲရလဒ် လက်သင့်ခံမခံနှင့် ပတ်သက်၍ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယတိပြတ် ပြောဆိုခဲ့ခြင်း မရှိပေ
-
ရေးတွင် UEC တံဆိပ်တုံးယူလာသည့် ပြည်ခိုင်ဖြိုးမဲရုံကိုယ်စားလှယ်ကို အမှုဖွင့်
UEC တံဆိပ်တုံးတစ်ခုနှင့် မဲလက်မှတ်နမူနာ ပုံစံစာရွက်အချို့ ယူဆောင်လာသူ ပြည်ခိုင်ဖြိုးပါတီ၏ မဲရုံကိုယ်စားလှယ် ဒေါ်နုနုဝင်းကို ရေးမြို့နယ် ရဲစခန်းတွင် ထိန်းသိမ်းထားသည်ဟု သိရသည်
-
မန္တလေး အောင်သာယာရပ်ကွက်မဲရုံတွင် မဲရုံမှူးလက်မှတ် မပါသည့် မဲလက်မှတ် တွေ့ရှိ
လတ်တလောတွင် ရပ်ကွက်ရုံးသို့ တိုင်တန်းထားပြီး မဲရေတွက်ချိန်တွင် ကန့်ကွက်သူမရှိပါက ပယ်မဲမဖြစ်စေရန် ထည့်ရေတွက်ပေးမည်ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက ပြောသည်ဟု ဆိုသည်
-
တပ်စခန်းတွေ ဝန်းရံထားသည့် မင်္ဂလာဒုံတွင် အနီရောင်လွှမ်းနိုင်မလား
တပ်မတော် တပ်ရင်းတပ်ဖွဲ့များတည်ရှိရာ မင်္ဂလာဒုံမြို့နယ်တွင် ဆန္ဒမဲပေးခွင့်ရှိသူ ၂၈၀,၀၀၀ ကျော်ရှိပြီး တပ်မတော်သားများသီးသန့်မဲရုံ ၈ ခုတွင် တပ်မတော်သားနှင့် တပ်မိသားစုဝင် ၂ သောင်းကျော်ရှိပြီး တပ်ကြိုတင်မဲ ၅ ထောင်ကျော်ရှိသည်