အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
  • သတင်း

    လားရှိုး တိုင်းစစ်ဌာနချုပ်ကို MNDAA သိမ်းပြီးနောက်၊ ပြင်းထန်သည့်တိုက်ပွဲများ ဆက်ဖြစ်

    ရှမ်းပြည်နယ်မြောက်ပိုင်းရှိ အာဏာသိမ်းစစ်ကောင်စီတပ်၏ တိုင်းစစ်ဌာနချုပ်တစ်ခုကို မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်- ကိုးကန့်တပ် (MNDAA) ဦးဆောင်သည့် တော်လှန်ရေးအင်အားစုများက သိမ်းပိုက်လိုက်ပြီးနောက် ပြင်းထန်သည့်တိုက်ပွဲများ ဆက်ဖြစ်နေသည်။ စစ်ခေါင်းဆောင် ယာယီသမ္မတအဖြစ် တာဝန်ယူပြီး သုံးရက်အကြာတွင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ရှိ စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ဒီမိုကရေစီမဟာမိတ်တပ်မတော်-…

  • သတင်း

    ဖမ်းဆီးခံရသော သူဌေးကြီး ဦးသိမ်းဝေ၏ အခြေအနေများမရေရာတော့သဖြင့် ကုမ္ပဏီက နုတ်ထွက်

    နေပြည်တော်တွင် ဖမ်းဆီးချုပ်နှောင်ခံထားရသည့် သူဌေးကြီး Serge Pun ခေါ် ဦးသိမ်းဝေ၏ မသေချာမရေရာသော အခြေအနေများဖြစ်ပေါ်နေ၍ ၎င်းရှယ်ယာအများစုပိုင်ဆိုင်သည့် စင်ကာပူစတော့အိတ်ချိန်းစာရင်းဝင် Yoma Strategic Holdings လုပ်ငန်းစုအပါအဝင် အခြားသောကုမ္ပဏီ၏ လုပ်ငန်းခွဲများအားလုံးတွင် ရာထူးများမှ နုတ်ထွက်မည်ဖြစ်ကြောင်း ကုမ္ပဏီက…

  • သတင်း

    ပတ္တမြားမြေ မိုးကုတ်မြို့နယ်ကို TNLA သိမ်းပိုက်

    ပတ္တမြားမြေဟု နာမည်ကျော်သည့် မန္တလေးတိုင်း၊ မိုးကုတ်မြို့ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ယနေ့ (ဇူလိုင် ၂၄) တွင် ကြေညာလိုက်သည်။ ထိုမြို့တွင် နောက်ဆုံးကျန်ရှိနေသည့် မိုးကုတ်ဗျူဟာစခန်းကို ယနေ့ မွန်းလွဲ ၅ နာရီခန့်တွင် သိမ်းပိုက်နိုင်ခဲ့သည်ဟု TNLA…

  • သတင်း

    စစ်အစိုးရခေါင်းဆောင်ဟောင်းများ ကန့်သတ်ခံနေရ

    အာဏာရှင်ဟောင်း ဦးသန်းရွှေအပါအဝင် ယခင်စစ်အစိုးရ ထိပ်သီးခေါင်းဆောင်များ နေထိုင်သည့် နေပြည်တော်ရှိ သီးသန့်အိမ်ခြောက်လုံးကို ပြင်ပနှင့် မဆက်စပ်ရန် စစ်ခေါင်းဆောင်က ကန့်သတ်ထားသည်ဟု သိရသည်။ ထိပ်တန်းဗိုလ်ချုပ်ကြီး ခြောက်ဦးနေထိုင်ရာ ထိုအိမ်ရာမှာ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် သပြေကုန်းအဝိုင်းနှင့် ကြာပန်းအဝိုင်းအကြား၊ တော်ဝင်ရတနာလမ်းနှင့်…

  • သတင်း

    ရွှေဘိုနယ်တွင် စိတ်မကျန်းမာသူ အပါအဝင် အရပ်သား ၂ ဦးကို စစ်တပ်ပစ်သတ်

    စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် အရှေ့ခြမ်းသို့ ယမန်နေ့ (ဇူလိုင် ၂၃) နံနက်ပိုင်းတွင် ဝင်ရောက်လာသည့် စစ်တပ်၏ပစ်ခတ်မှုကြောင့် စိတ်ကျန်းမာရေးမကောင်းသူအပါအဝင် အရပ်သား ၂ ဦးသေဆုံး၊ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။  ၅ နာရီဝန်းကျင်တွင် ရွှေဘိုမြို့…